ပခုက္ကူခရိုင်ကြက်သွန်နီကုန်စည်ဒိုင်၌ ဇန်နဝါရီလ(ဒုတိယပတ်)တွင် ဈေးအနည်းငယ်ကျနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်တွင် မိုးစိုက်(ဥစိုက်) ကြက်သွန်နီများ ရေစကြို၊ ပခုက္ကူကျွန်းနှင့် ပေါက်နယ်ဒေသများမှ အများအပြားဝင်ရောက်လျက်ရှိ ပါသည်။  ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင်  ပခုက္ကူကုန်စည်ဒိုင်၌ ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ မိုးစိုက်(ဥစိုက်)များ၏ ဒိုင်ပြတ်လက်ကားဈေးမှာ  ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၆၀၀)၊ အလတ် စတစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ အနိမ့် တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြစ်ခဲ့ပြီး၊ ဇန်နဝါရီလ (ဒုတိယပတ်)တွင် မိုးစိုက်(ဥစိုက်)များမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၃၅၀-၂၅၀၀)၊ အလတ်စတစ် ပိဿာလျှင် ကျပ်(၂၃၀၀-၂၀၀၀)၊ အနိမ့် တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၁၈၀၀)ဖြစ်ပြီး တစ်ပိဿာလျှင် ကျပ်(၁၀၀ မှ ၁၅၀)ထိကျနေပြီး တစ်နေ့လျှင် ကုန်ချိန်(၁၀၀၀၀၀)ကျော် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ဇန်နဝါရီလ(ဒုတိယပတ်)တွင် ပခုက္ကူခရိုင် ကြက်သွန်နီ ကုန်စည်ဒိုင်၌ ဖြစ်ပေါ်ခဲ့သောကြက် သွန်နီဈေးနှုန်းများမှာ ယောနယ်(ပေါက်) ဒေသ၏ ကြက်သွန်နီဈေးနှုန်းမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ် (၂၀၀၀) ၊ အနိမ့် တစ်ပိဿာလျှင် ကျပ် (၁၈၀၀) ဖြစ်ပြီး  တစ်နေ့လျှင်ကုန်ချိန် (၁၀၀၀၀ မှ ၅၀၀၀၀)အထိ၊ ရေစကြို(ကျွန်း)နှင့် ပခုက္ကူ(ကျွန်း) ထိပ်စ တစ်ပိဿာလျှင် ကျပ် (၂၃၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၉၀၀)၊ အနိမ့် တစ်ပိဿာလျှင် ကျပ်(၁၇၀၀)ဖြစ်ပြီး တစ်နေ့လျှင် ကုန်ချိန် ပိဿာ(၅၀၀၀၀ မှ ၁၅၀၀၀၀)ကျော် ဝင်ရောက် အရောင်း အဝယ်ဖြစ်နေကြောင်း တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်နှင့် မြန်မာပြည်အနှံ့အပြား တင်ပို့လျက်ရှိကြောင်းနှင့် ဇန်နဝါရီလ(ဒုတိယပတ်)တွင် ဈေးအနည်းငယ်ကျဆင်းခဲ့ကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)