ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

Powered by Drupal

  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၇၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၅၆၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၆၆၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၆၀၀၀)ကျပ် ဖြစ်ပါသည်။

   ကျိုင်းတုံမြို့ရှိ ဇန်နဝါရီလ ဒုတိယအပတ် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၂၅၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg (၁)အိတ်လျှင် (၉၈၀၀၀)ကျပ်၊ ယူရီးယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၄၉၀၀၀)ကျပ် ဖြစ်ပါသည်။

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။ ကျိုင်းတုံမြို့ရှိ ဓာတ်မြေဩဇာဈေးနှုန်းများအနေဖြင့် တီဆူပါ(May)နှင့် ယူရီးယား (မြင်းပျံ)တို့မှာ ယခင်ဇန်နဝါရီလ ပထမအပတ်ထက် ဈေးနှုန်းအနည်းငယ်မြှင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)