မကွေးမြို့နယ် စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

   မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

   မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင် (၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိ ပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီစျေးနှုန်းများမှာ ဓါတ်ဆီ (92)(၁)လီတာလျှင် ကျပ် (၂၅၈၀)၊ ဓါတ်ဆီ (95)(၁)လီတာလျှင် ကျပ် (၂၆၈၀)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၂၃၆၅)၊ ဒီဇယ်(ပရီမီယံ)(၁)လီတာလျှင် ကျပ်(၂၄၅၀)ဖြစ်ပြီး ဇန်နဝါရီလ (တတိယပတ်)တွင် ဓါတ်ဆီ (92)(၁)လီတာလျှင် ကျပ် (၂၅၆၅)၊ ဓါတ်ဆီ (95)(၁)လီတာလျှင် ကျပ် (၂၆၇၅)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ်(၂၄၀၅)၊ ဒီဇယ်(ပရီမီယံ) (၁)လီတာလျှင် ကျပ်(၂၄၇၅) တို့ဖြစ်၍ ဒုတိယပတ်နှင့်တတိယပတ်နှိုင်းယှဉ်ပါက ဓါတ်ဆီ(92)(၁)လီတာလျှင် ကျပ်(၂၅)၊ ဓါတ်ဆီ (95)(၁)လီတာလျှင် (၅)ကျပ်ဖြင့် အနည်းငယ်စျေးကျလာပြီး  ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ကျပ်(၄၀)၊ ဒီဇယ်(ပရီမီယံ) (၁)လီတာလျှင် ကျပ်(၂၅)ဖြင့် အနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

   မကွေးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလက စက်သုံးဆီဆိုင်များ ဆီခွဲတမ်းရရှိမှုမလုံလောက်၍ ဆိုင်ကယ်၊ သုံးဘီး၊ အိမ်စီးကား၊ ဘတ်စ်ကားများအား ကိုယ်ဒါစနစ်ဖြင့် ရောင်းချခဲ့ရသော်လည်း ယခုအခါ စက်သုံးဆီများလိုသလောက်ဝယ်ယူရရှိခြင်း၊ ဆိုင်ကယ်များမှာလည်း တန်းစီရမှုမရှိတော့၍ အချိန်ကုန် သက်သာခြင်းများရှိလာကြောင်း သိရှိရပါသည်။

DOCA(မကွေး)