ပဲစင်းငုံအသစ်များ ပြည်ဈေးကွက်၌ ဈေးကောင်းရလျက်ရှိ

Powered by Drupal

    ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသီးနှံမျိုးစုံဝင်ရောက်လျက်ရှိရာ ပဲတီစိမ်း၊ မတ်ပဲအပြင် ပဲစင်းငုံအသစ်များလည်း ဝင်ရောက်လာပြီဖြစ်ပါသည်။ ပဲစင်းငုံသစ်များမှာ ပြည်အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမ၊ ပန်းတောင်းမြို့နယ်များမှ ဝင်ရောက်လာခဲ့ကာ တစ်ရက်လျှင် အိတ်၄၀၀ကျော်မှ အိတ်၅၀၀အထိအဝင်များလာပြီး ရန်ကုန်ဝယ်လက်များကလည်း ဝင်ရောက်လာသမျှ ဝယ်ယူမှုရှိကြပါသည်။ ပဲစင်းငုံအသစ်ဈေးနှုန်းမှာ တစ်တင်းလျှင် ၁၀၉၀၀၀ကျပ်/ ၁၁၀၀၀၀ကျပ်ဖြင့် ပဲသစ်ဈေးကို ဈေးအမြင့်ဖြင့် ဝယ်ယူနေကြပြီး ယခင်နှစ် နှစ်ကုန်ပိုင်းတွင် ပဲဟောင်းဈေးမှာ တစ်တင်းလျှင် ကျပ်(၁)သိန်းအကြားဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ နှစ်ဆန်းပိုင်းမှစ၍ ပဲသစ်များမှာ တစ်နေ့ထက်တစ်နေ့ အဝင်ပိုများလာပြီး ဈေးနှုန်းလည်း ပဲဟောင်းသီးနှံဈေးထက် မြင့်တက်လာခဲ့ကြပါသည်။ ပဲစင်းငုံသီးနှံသည် ပဲအစိုတောင့်ကတည်းက ဈေးကွက်၌ တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ခူးဆွတ်ရောင်းချမှုများရှိခဲ့သည့်အပြင် ပဲစင်းငုံအစည်းလေးများပြုလုပ်ကာ ပြုတ်၍ ရောင်းချမှုများလည်းရှိခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)