ပြည်ပဲလွမ်းဖြူသစ်များ ပဲဈေးကွက်၌ အခြားပဲများထက်ဈေးအေးခဲ့

Powered by Drupal

    ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိနေပြီး ပဲလွမ်းဖြူသီးနှံသည်သစ်များလည်း နေစဉ်ဝင်ရောက်မှုများလာပြီဖြစ်ပြီး အိတ်(၁၀၀)ကျော် ပြည်မြို့နယ်နှင့် ပြည်အနီးတဝိုက်ဒေသများမှ ဝင်ရောက်လာခဲ့ပါသည်။ ထို့ကြောင့် လက်လီ/လက်ကားဝယ်ယူမှုများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ ဝင်ရောက်လာသမျှ ရောင်းချရကြောင်းသိရပါသည်။ ဒေသတွင်းလက်လီဝယ်လက်သမားများအနေဖြင့် နေ့စဉ် အိတ်(၂၀/၃၀) ကျော်အဝယ်ရှိသည့်အပြင် လက်ကားဝယ်လက်များကလည်း အိတ်၁၀၀ကျော်အထိ ဝင်လာသမျှ အဝယ်ရှိကြသည်ဟုသိရပါသည်။ ပဲသစ်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ပိဿာ၂၀ဝင်တစ်တင်းလျှင် ၆၁၀၀၀ကျပ်ဖြင့် ပဲသစ်အဖွင့်ဈေးထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ပဲဈေးကွက်၌ာ ယခုနှစ်အတွင်း အခြားပဲများမှာ ဈေးကောင်းရခဲ့သော်လည်း ပဲလွမ်းဖြူသီးနှံမှာမူ ဈေးကွက်၌ အခြားပဲများအားလုံးထက် ဈေးနှုန်းလျော့နည်းကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)