၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ၊ ၂၆ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်များမှ တစ်မျိုးဖြစ်သည့် စားသုံးဆီအမျိုးမျိုးအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုး လက်လီ/လက်ကား ရောင်းချသည့် ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိ၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော တရားမဝင် စားသုံးဆီများ ရောင်းချမှုရှိ/မရှိ၊ စစ်ဆေးခြင်းနှင့် စျေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ ထောက်ခံချက်များပါရှိသည့် စားသုံးဆီများကိုသာ ရောင်းချနိုင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)