မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကူပြုကျေးရွာရှိ ဒေသခံတောင်သူများသည် ဝါးဖြင့် ယက်လုပ်သော ဇကော၊ ဇကာများ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရပါသည်။
ဇကော၊ ဇကာများ ယက်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ဝါးနှင့်ကြိမ်ကိုအသုံးပြုရကြောင်း၊ လိုအပ်သည့် ဝါးနှင့်ကြိမ်တို့ကို စေတုတ္တရာမြို့နယ်၊ မြောင်းဦးဒေသမှထွက်ရှိသော ဝါးများနှင့်ကြိမ်များကို အသုံးပြုခြင်းဖြစ်ကြောင်း၊ ဝါး(၁)လုံးလျှင် ကျပ်(၁၀၀၀)၊ ကြိမ်(၁)ပင်လျှင် ကျပ်(၅၀၀)ဖြင့်ပေး၍ ဝယ်ရ ကြောင်း၊ ဇကော၊ ဇကာ တစ်ချပ်ပြုလုပ်ရန်အတွက်ကုန်ကျစရိတ်မှာ ကျပ်(၃၅၀၀)ခန့်ကုန်ကျပါကြောင်း၊ လူတစ်ဦးလျှင် တစ်ရက်ကို (၁၀)ချပ်ခန့်ယက်လုပ်နိုင်ပြီး ဇကော၊ ဇကာ(၁)ချပ်လျှင် ကျပ်(၄၅၀၀)ဖြင့် ရောင်းချရ၍ ဝါးနှင့်ကြိမ်စရိတ်များနှုတ်ပယ်ပြီး အမြတ်ငွေ ကျပ်(၁၀၀၀၀)ခန့်ကျန်ရှိပါကြောင်း၊ ယက်လုပ်ပြီး ဇကော၊ ဇကာများကို ဒေသတွင်းသုံးစွဲရုံသာမက နီးစပ်ရာမြို့များဖြစ်သော ပွင့်ဖြူ၊ စကု၊ ဆိပ်ဖြူမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ကူပြုကျေးရွာရှိ အချို့တောင်သူများသည် မိရိုးဖလာလုပ်ငန်း ဖြစ်သည့် ဇကော၊ ဇကာ ယက်လုပ်သောလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ကျေးရွာရှိ အိမ်ထောင်စု (၃)ပုံ(၁)ပုံခန့်မှာ ဇကော၊ ဇကာယက်လုပ်သောလုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေရရှိလျက်ရှိကြောင်း ဇကော၊ ဇကာယက်လုပ်သော ဒေသခံတောင်သူ ဦးအေးကိုထံမှ သိရှိရပါသည်။
DOCA(မကွေး)