အမေရိကန်သို့ ဆန်တင်ပို့နိုင်ရေး ထိုင်းနိုင်ငံကြိုးပမ်း

Powered by Drupal

     အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် ခရီးစဉ်ကာလအတွင်း ဆန်နှင့် စားသောက်ကုန်များ အား ဘတ်ငွေ ၁.၇၅ ဘီလီယံ တန်ဖိုးအထိ တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

     ကုန်သွယ်မှုမြှင့်တင်ရန်နှင့် အမေရိကန်ဈေးကွက်၌ မိတ်ဖက်ကွန်ရက်ချဲ့ထွင်နိုင်ရန် Los Angeles မြို့သို့ ရောက်ရှိခိုက်တွင် ဝန်ကြီး Mr Phumtham က အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံ ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ထိုင်းဟုန်မာလီဆန်မွှေးကို တန်ချိန် ၆၀၅၁၇၀ တန်ဖြင့် အများဆုံးတင်သွင်းသူ ဖြစ်ကြောင်း၊  အထူးသဖြင့် အနောက်ကမ္ဘာခြမ်း၌ ထိုင်းနှင့် အာရှ ဒေသမှ လူမှုအသိုက်အဝန်း၏ ဝယ်လိုအား မြင့်မားမှုနှင့်အတူ ထိုင်းနိုင်ငံ၏ ပို့ကုန်များ တင်ပို့မှုကို အရှိန်မြှင့်တင်ရန်အတွက် ဦးတည်ချက်ထားရှိသော စျေးကွက်တစ်ခုလည်းဖြစ်ကြောင်း၊ ထိုင်းနှင့် အမေရိကန် နှစ်နိုင်ငံအကြား ကာလရှည်ကုန်သွယ်ဆက်ဆံရေးရှိကြောင်း၊ ထိုင်းဆန်များအား ဖြန့် ဖြူးရာတွင် ပရီမီယံ အရည်အသွေးအဆင့်ရှိစေရေးနှင့် ပြည့်စုံကောင်းမွန်သည့်စနစ် တစ်ရပ်အဖြစ် သေချာခိုင်မာစေရေးအတွက် ၎င်းတို့ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ယခုခရီးစဉ်အတွင်း သိုလှောင် ရုံများကို လေ့လာစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ထိုင်းထုတ်ကုန်များအတွက် အခွင့်အလမ်းများ ချဲ့ထွင်နိုင်ရန် သြဇာလွှမ်းမိုးမှုရှိသော ဒေသခံကွန်ရက်များကို အသုံးချလုပ်ကိုင်ရန် ပြည်ပရှိ ထိုင်း စီးပွားရေးသံမှူးများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်။

     Mr Phumtham သည် ဇန်နဝါရီ ၁၈-၁၉ ရက်များတွင် Golden Star Trading Inc, Ralphs Fresh Fare, United Natural Foods Inc, LAX-C Inc, နှင့် Overhill Farm Inc ကဲ့သို့ သော အမေရိကန် စီးပွားရေးလုပ်ငန်းပိုင်ရှင်များ၊ အဓိကတင်သွင်းသူများနှင့် တွေ့ဆုံရန် စီစဉ်ထား ကြောင်း၊ ထိုင်းစားသောက်ကုန်များကို ဈေးကွက်မြှင့်တင်ရန်အတွက် ရွေးချယ်ထားသည့် ကုန် အမှတ်တံဆိပ်များကို ထိုင်းစားသောက်ဆိုင်များသို့ ရှင်းလင်းတင်ပြမည်ဖြစ်ပြီး အမေရိကန်နိုင်ငံရှိ  စားသောက်ကုန်နယ်ပယ်မှ သြဇာရှိသူများနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

     ထိုင်းကုန်သွယ်မှုမြှင့်တင်ရေး ကိုယ်စားလှယ်အဖွဲ့သည် အနာဂတ်ကာလ၌ အမေရိကန်သို့ ဈေးကွက် ချဲ့ထွင်လိုသော အသေးစားနှင့် အလတ်စား ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် ထုတ်ကုန်ဖြန့်ဖြူးမှု လမ်းကြောင်းများကို ချဲ့ထွင်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲ များကိုလည်း ကျင်းပရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

Source: Bangkok Post,