ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော မီးသွေးဈေးနှုန်းအခြေအနေ

Powered by Drupal

            ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ ဇန်နဝါရီလတွင် ကရင်ပြည်နယ်ဒေသထွက် လောင်စာ မီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်း သတင်းရရှိသည်။                                                

            ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ပထမပတ်နှင့်နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သောမီးသွေး ဈေးနှုန်းများမှာ ဇန်နဝါရီ ပထမပတ် ဘားအံမြို့အတွင်း နောင်လုံကျော့ကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း ၉၅၀၀ ကျပ်၊ ကမမောင်းမီးသွေးတစ်အိတ် ၈၅၀၀ ကျပ်၊ ကော့ကရိတ် ပသကျေးရွာ မီးသွေးတစ်အိတ် ၆၅၀၀ ကျပ်၊ မြဝတီမြို့အတွင်း မီးသွေး တစ်အိတ်ဈေးနှုန်း ၇၀၀၀ ကျပ်၊ ကော့ကရိတ်မြို့နယ် ပသကျေးရွာ၊ ပေါင်ရေပူကျေးရွာအတွင်း မီးသွေး တစ်အိတ်ဈေးနှုန်း ၅၅၀၀/၆၀၀၀ ကျပ်၊ လှိုင်းဘွဲ့မြို့အတွင်း မီးသွေး တစ်အိတ် ၇၀၀၀ ကျပ်နှင့် ဖာပွန်၊ ကမမောင်း မြို့နယ်အတွင်း မီးသွေးတစ်အိတ် ၇၀၀၀ ကျပ် နှင့် ယခု ဇန်နဝါရီ နောက်ဆုံးပတ်၌ ဘားအံမြို့အတွင်း နောင်လုံကျော့ကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း ၁၀၀၀၀ ကျပ်၊ ကမမောင်းမီးသွေးတစ်အိတ် ၉၀၀၀ ကျပ်၊ ကော့ကရိတ် ပသကျေးရွာမီးသွေးတစ်အိတ် ၇၀၀၀ ကျပ်၊ မြဝတီမြို့အတွင်း မီးသွေးတစ်အိတ်ဈေးနှုန်း ၈၀၀၀ ကျပ်၊ ကော့ကရိတ်မြို့နယ် ပသကျေးရွာ၊ ပေါင်ရေပူကျေးရွာအတွင်း မီးသွေးတစ်အိတ်ဈေးနှုန်း ၆၀၀၀/၇၀၀၀ ကျပ်၊ လှိုင်းဘွဲ့မြို့အတွင်း မီးသွေးတစ်အိတ် ၈၀၀၀ ကျပ်နှင့် ဖာပွန်၊ ကမမောင်း မြို့နယ်အတွင်း မီးသွေးတစ်အိတ် ၈၀၀၀ ကျပ်တို့ဖြင့် အများပြည်သူများရောင်းဝယ်ကြလျက်ရှိပါသည်။  

        ကရင်ပြည်နယ်ဒေသအတွင် ဖြစ်ပေါ်နေသော ပထမပတ်နှင့်နောက်ဆုံးပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင် မီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်နေသည်ကို တွေ့ရှိရသည်။ယခုလို မီးသွေးဈေးနှုန်းအနည်းငယ်မြင့်တက်ရခြင်းမှာ မိုးရွာသွန်းမှုနှင့်သယ်ယူ ကုန်ကျစရိတ်များခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)