ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလ ပဲအမျိုးအစားလိုက်ဈေးနှုန်းဈေးကွက်

Powered by Drupal

          ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး ယခုလပဲသစ်များလည်း အဝင်ရှိပြီး ပဲဈေးများကောင်းမွန်လျက်ရှိကာ  ပဲအရောင်းအဝယ်သွက်လျက်ရှိပါသည်။

မတ်ပဲ

          ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလ ပထမပတ်တွင် မတ်ပဲတစ်တင်းကို ၉၆၇၀၀ကျပ်၊ ဒုတိယ ပတ်တွင် ၉၇၅၀၀ကျပ်ဖြင့် ဈေးတက်လာပြီး တစ်ရက်ကို ရန်ကုန်အဝယ် အိတ် ၂၀၀/၃၀၀ ခန့်ရှိပါသည်။ ဇန်နဝါရီတတိယပတ်တွင် မတ်ပဲတစ်တင်းကို ၉၇၂၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၃၀၀/၄၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၉၇၀၀၀ကျပ်ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

ပဲတီစိမ်း

          ဇန်နဝါရီလ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်း ၆၄၀၀၀ ကျပ်ဖြင့် မန္တလေး အဝယ် တစ်ရက်ကို အိတ် ၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၅၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၄၀၀/၅၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဇန်နဝါရီတတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၆၈၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀၀/၆၀၀ခန့် ရန်ကုန်နှင့် မန္တလေးအဝယ်ရှိပါသည်။ စတုတ္ထပတ် တွင် ပဲတီစိမ်းတစ်တင်းကို ၆၈၀၀၀/၆၉၀၀၀ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်ကို ၄၀၀/၅၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

ပဲစင်းငုံ

          ဇန်နဝါရီလ ပထမပတ်တွင် ပဲစင်းငုံအသစ်များ ဝင်စပြုနေပြီး ပဲစင်းငုံတစ်တင်းကို ၁၀၂၀၀၀ ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပါသည်။ ရန်ကုန်နှင့် လှောင်သမားများအဝယ်တစ်ရက်ကို အိတ် ၆၀၀/၇၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲစင်းငုံဈေးတက်လာပြီး တစ်တင်းကို ၁၀၈၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၆၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၁၆၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၆၀၀)ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၁၆၅၀၀-၁၁၇၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၃၀၀ခန့် ရှိပါ သည်။

ကုလားပဲ

          ဇန်နဝါရီလ ပထမပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၉၆၀၀၀ကျပ်၊ မြကြေးမှုံ တစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် ခွဲစက်သမားများ မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၉၇၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ် အိတ်(၄၀၀)ခန့်ရှိပါသည်။ တတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၁၀၀၀၀၀-၁၀၁၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၁၀၀၀၀၀-၁၀၁၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို အိတ်(၄၀၀)ခန့်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၁၀၀၀၀၀-၁၀၁၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်း ခွဲစက်သမားနှင့် ရန်ကုန် အဝယ်တစ်ရက်ကိုအိတ် ၅၀၀/၆၀၀ခန့် ရှိပါသည်။

ပဲကြီး

          ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၁၃၀၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၁၂၅၀၀၀ကျပ်၊ ဒုတိယပတ်တွင်လည်း ပဲကြီးဈေးအေးနေပြီး မြိို့တွင်း ပဲကြော်သမားများ အဝယ်ရှိပါသည်။ ဇန်နဝါရီတတိယပတ်တွင် ပဲကြီး(ရွှေကျွန်း) တစ်တင်းကို ၁၃၀၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၁၂၅၀၀၀ကျပ်၊ ဈေးဖြင့် မြို့တွင်းပဲကြော် သမားများ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲကြီးဈေးအေးနေပြီး  ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၁၃၀၀၀၀ကျပ်၊ ပဲကြီး (ကုန်းပဲ)တစ်တင်းကို ၁၂၅၀၀၀ကျပ် ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်ကိုအိတ် ၄၀၀ခန့်ရှိပါသည်။

ဘိုကိတ်ပဲ

          ဇန်နဝါရီပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၅၀/၁၀၀ရှိပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၂၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့်မြို့တွင်းအဝယ်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၅၀၀၀ကျပ်၊ စတုတ္ထပတ်တွင် ၇၅၀၀၀ ကျပ်ဖြင့် ဈေးအေး နေပြီး ရန်ကုန်နှင့်မြို့တွင်းအဝယ် တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ ခန့်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးများကောင်းနေပြီး ပဲတီစိမ်း၊ ပဲကြီး၊ ဘိုကိတ်ဈေးများမှာ အေးနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)