ဆောင်းပဲသစ်ဈေးကွက်မှာ ပြည်ပဲပုပ်သစ်များ ဈေးအေးနေခဲ့

Powered by Drupal

   ဆောင်းသီးနှံပဲသစ်များ ပြည်ဈေးကွက်သို့ ဝင်ရောက်လာပြီဖြစ်ပြီး ပဲပုပ်သီးနှံသည်လည်း ပဲသစ်များ ဒီဇင်ဘာလဆန်းပိုင်းကတည်းက စတင်ဝင်ရောက်လာခဲ့ကာ ယခုချိန်ထိလည်း နေ့စဉ် ပဲသစ်များ ဝင်ရောက်မှုရှိကြပါသည်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းဒေသများမှ ဝင်ရောက်ခဲ့ပြီး ဒေသတွင်းဝယ်ယူမှုရှိသလို ရန်ကုန်ဝယ်လက်များလည်း အဝင်ရှိသလောက် ဝယ်ယူမှုရှိခဲ့ကြပါသည်။ ပဲသစ်ပေါ်စ ပဲပုပ်သီးနှံဈေးမှာ တစ်တင်း (၆၄၀၀ဝိ/-)ကျပ်ရရှိခဲ့ပြီး ယခင်နှစ် ကာလတူ အချိန်ဈေးဖြင့်ယှဉ်လျင် ကွာခြားမှုသိပ်မရှိခဲ့ပဲ ရောင်းဝယ်ခဲ့ကြပါသည်။ ယခုနှစ် အတွင်း အခြားပဲသီးနှံ အားလုံးလိုလို ဈေးနှုန်းများမြင့်တက်လာလို့ ဈေးကောင်းရလျက်ရှိသော်လည်း ပဲပုပ်သီးနှံကတော့ ဈေးအေးနေခဲ့သည်ကိုတွေ့ရပါသည်။ ယခုနှစ်ဆန်းပိုင်းတွင် ပဲပုပ်သီးနှံ တစ်တင်း (၆၁၀၀ဝိ/-) ကျပ်ဖြင့် ပဲအရည်အသွေးလိုက်၍ ဈေးနှုန်းကွာခြားမှုရှိကြပါသည်ဟု သိရပါသည်။ ဒါကြောင့် ပြည်ပဲ ဈေးကွက်ရဲ့ ဆောင်းပဲသစ်ဈေးကွက်မှာ ပဲပုပ်သီးနှံသည် အခြားပဲများထက် ဈေးအနိမ့်ဖြင့်သာ ရောင်းဝယ်နေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)