ပြည်ခရိုင်၏ နှမ်းသီးနှံဈေးနှုန်း

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးနှမ်းစိုက်ဧက (၆၆၃၇၁)ဧက တွင် (၆၆၃၇၁)ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၄.၉၅)တင်းထွက်ရှိကြောင်း၊ ဆောင်းနှမ်းစိုက်ဧကမှာ (၁၁၂၆၄)ဧက စိုက်ပျိုးထားကြောင်း သိရပါသည်။

         မိုးနှမ်းများမှာ ၂၀၂၃ခုနှစ် အောက်တိုဘာလတွင် စတင်ထွက်ပေါ်ပြီး နှမ်းနီ(၃)တင်းပါ တစ်အိတ်လျှင် ၃၀၅,၀၀၀ကျပ်၊ နှမ်းနက်(၃)တင်း ပါ တစ်အိတ်လျှင် ၂၇၀,၀၀၀ကျပ် နှင့် စမုံနက်နှမ်း (၃)တင်း ပါ တစ်အိတ် လျှင် ၃၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ နိုဝင်ဘာလတွင် နှမ်းနီ (၃)တင်း ပါ တစ်အိတ် လျှင် ၂၈၅,၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းတစ်အိတ်လျှင် ၂၇၀,၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် ၃၀၀,၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းလာပြီး ရန်ကုန်၊ မန္တလေးဝယ်လက်များက အဝယ်ရှိ၍ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်နေ့လျှင် အိတ် (၁၀၀၀/၁၅၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

         ဆောင်းနှမ်းစိုက်ပျိုးချိန် ဒီဇင်ဘာလတွင် နှမ်းနီ(၃)တင်း ပါ တစ်အိတ် လျှင် ၂၈၀,၀၀၀ကျပ်၊ နှမ်းနက်(၃)တင်း ပါ တစ်အိတ်လျှင် ၃၀၀,၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း ပါ တစ်အိတ်လျှင် ၃၂၀,၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နှမ်းအနည်းငယ်ရှားပါးသွား၍ စမုံနက်နှမ်းမှာ ဈေးပြန်မြင့်တက်သွားပြီး ရိုးရိုးနှမ်းနက်မှာ ဈေးငြိမ်၍ နှမ်းနီမှာဈေးကွက်တွင် ပစ္စည်းလက်ကျန်ပြတ်၍ ဈေးတန်းသာ ရှိခဲ့ပါသည်။

       ၂၀၂၄ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် နှမ်းနီ(၃)တင်းပါတစ်အိတ်လျှင် ၂၈၀,၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းပါတစ်အိတ်လျှင် ၃၀၀,၀၀၀ကျပ် နှင့် စမုံနက် နှမ်း(၃)တင်း ပါ တစ်အိတ်လျှင် ၃၄၀,၀၀၀ ကျပ်ဖြင့် ဈေးဖြစ်ခဲ့ပါသည်။  ယခုအပတ်ဖြစ်သော ဇန်နဝါရီလ နောက်ဆုံးပတ်တွင် နှမ်းနီ(၃) တင်း ပါ တစ်အိတ်လျှင် ၂၈၅,၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းတစ်အိတ်လျှင် ၃၀၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်း ပါ တစ်အိတ်လျှင် ၃၄၀,၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ်ဖြစ်သော ၂၀၂၃ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော နှမ်းဈေးနှုန်းများမှာ-

စဉ်               အမျိုးအမည်             ရေတွက်ပုံ                အနိမ့်(ဈေး)              အမြင့်(ဈေး)

၁။                နှမ်းနီ                      (၃)တင်း                  ၂၆၅၀၀၀(ကျပ်)         ၃၀၀၀၀၀(ကျပ်)

၂။                နှမ်းနက်                  (၃)တင်း                  ၂၇၀၀၀၀(ကျပ်)        ၃၂၀၀၀၀(ကျပ်)

၃။                စမုံနက်                   (၃)တင်း                  ၃၂၀၀၀၀(ကျပ်)         ၃၅၀၀၀၀(ကျပ်)

          ထို့ကြောင့် ပြည်ခရိုင်တွင် နှမ်းဈေးများမှာ အမြင့်ဆုံးတွင်ရှိပြီး        နှမ်းစိုက်ပျိုးသူ တောင်သူများအနေဖြင့် တစ်ဧကထုတ်လုပ်မှုသည့် သီးနှံအရည်အသွေးမြင့်မား တိုးတက်အောင် ဆောင်ရွက်နိုင်လျှင်ရောင်းချသည့်အခါ မိမိသီးနှံအရည်အသွေးပေါ်မူတည်၍ ဝင်ငွေတိုးနိုင်ပြီး အမြတ်အစွန်းများရရှိလာနိုင်မှာဖြစ်၍ လယ်ယာစီးပွားရေးကဏ္ဍကိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။        

DOCA(ပဲခူး)