တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် မော်တော်ကားကဏ္ဍများတွင် ဂျပန်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံကြိုးပမ်း

Powered by Drupal

    ဂျပန်နိုင်ငံမှ စီးပွားရေးခေါင်းဆောင်များကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံစက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးနှင့် ဇန်နဝါရီ ၂၆ရက်နေ့၌ ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော်မော်တော်ကားကဏ္ဍနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍပူးပေါင်းဆောင်ရွက်မှုတို့အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။

    တရုတ်နိုင်ငံသည် ကြီးမားသည့်ဈေးကွက်နှင့် ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်နေသော စက်မှုလုပ်ငန်းဆိုင်ရာစနစ်ကိုပိုင်ဆိုင်ထားပြီး ဂျပန်နိုင်ငံမှာ မြင့်မားသည့်နည်းပညာများပိုင်ဆိုင်ထားကြောင်းနှင့် အနာဂတ်တွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံကြား စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကြီးမားသည့်အလားအလာရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။

      တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ မော်တော်ကားများ၊ ရေနံဓာတု၊ ဒစ်ဂျစ်တယ်နည်ပညာနှင့် စွမ်းအင်သစ်ကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်ရန် အလားအလာအများဆုံးကဏ္ဍများဖြစ်ကြောင်းသိရပါသည်။

     ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းသည် တရုတ်နိုင်ငံသို့ ၁၉၇၅ခုနှစ်မှစတင်၍ နှစ်စဉ်နီးပါး ကိုယ်စားလှယ်အဖွဲ့ကို အလည်အပတ်ခရီးစေလွှတ်လေ့ရှိပြီး ကိုဗစ်ရောဂါကြောင့် ၂၀၁၉ခုနှစ်မှစတင်ကာ အလည်အပတ်ခရီးများရပ်တန့်ခဲ့ခြင်းဖြစ်ပါသည်။

     ယခုအစည်းအဝေးသည် တရုတ်နိုင်ငံစက်မှုဝန်ကြီးတက်ရောက်သည့် ပထမဆုံးအစည်းအဝေးဖြစ်ပြီး အမေရိကန်နိုင်ငံနှင့်တင်းမာမှုများမှာ ဆက်လက်မြင့်တက်နေမှုကြောင့် တရုတ်နိုင်ငံ သည် ဂျပန်ကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)