“မလှိုင်မန်ကျည်းမှည့်လှောင်လက် တက်ဈေးမျှော်”

Powered by Drupal

    မလှိုင်မြို့နယ်တွင် မန်းကျည်းသီးမှည့်ထွက်ပေါ်ချိန်မှာ နှစ်စဉ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်ထွက်ပေါ်ပြီး မတ်လတွင် ဖြိုင်ဖြိုင်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုအခြေအနေအရ အသီးအားနည်းကြောင်းတွေ့ရှိရပြီး အထွက်နည်းနိုင်ကြောင်း၊ မန်ကျည်းသီးရောင်းဝယ်သူများထံမှသိရှိရပါသည်။ မလှိုင်မြို့နယ်တွင်း မကျည်းသီးမှည့်ကုန်သည်နည်းပါးသော်လည်း လက်ရှိမန်ကျည်းမှည့်လှောင်လက် ကုန်သည်၏ပြောပြချက်အရ ယခုနှစ်၌ မန်ကျီးအဟောင်းတစ်ပိဿာလျှင် (အသားဖတ်) ၃၀၀၀ကျပ်ခန့်ရှိပြီး အရောင်းမရှိကြောင်း မတ်လကုန်ထိ တက်ဈေးမျှော်လျက်ရှိပြီး မြို့နယ်တွင် ကုန်ချိန် (၂) သိန်းခန့်ရှိကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မန္တလေး)