ဇန်နဝါရီလ စတုတ္ထပတ် မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇) ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဇန်နဝါရီလ တတိယ ပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၆၄၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၇၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၀၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၆၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ယခု ဇန်နဝါရီလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၆၇၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၉၀၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၁၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၈၀) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် ဇန်နဝါရီလ တတိယပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀)ကျပ်၊  ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၅၀ )ကျပ် ၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၁၅) ကျပ် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၀) ကျပ်ဈေးနှုန်း အသီးသီးမြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)