မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကုန်စည်ဒိုင်မှရောင်းချသည့် ပဲမျိုးစုံနှင့် ဖြစ်ပေါ်နေသော ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (ပထမပတ်) အတွင်းဖြစ်ပေါ်နေသော ပဲမျိုးစုံများ၏ဈေးနှုန်းအခြေအနေမှာ  ပဲတီစိမ်း(ရွှေဝါ) ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၆၆၀၀၀၊ ပဲတီစိမ်း ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၅၉၀၀၀၊ မတ်ပဲ ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၉၈၀၀၀၊ ပဲလွန်းဖြူ ၂၀ပိဿာဝင်(တစ်တင်း)လျှင် ကျပ်၆၂၀၀၀၊ ဘိုကိတ် ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၇၀၀၀၀၊ ပဲပုပ်၂၀ပိဿာဝင်(တစ်တင်း)လျှင် ကျပ်၅၇၅၀၀၊ မြေပဲ(အသစ်) ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၁၅၀၀၀၀ ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။

   ဇန်နဝါရီလ(စတုတ္တပတ်)အတွင်း၌ ပဲတီစိမ်း(ရွှေဝါ) ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၇၂၀၀၀၊ ပဲတီစိမ်း ၂၀ပိဿာဝင် (တစ်တင်း)လျှင် ကျပ်၆၀၀၀၀၊ မတ်ပဲ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၁၀၁၂၀၀၊ ပဲလွန်းဖြူ ၂၀ပိဿာဝင်(တစ်တင်း)လျှင် ကျပ်၆၇၀၀၀၊ ဘိုကိတ် ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၇၂၀၀၀၊ ပဲပုပ် ၂၀ပိဿာဝင်(တစ်တင်း)လျှင် ကျပ်၆၁၀၀၀၊ မြေပဲ(အသစ်) ၂၀ပိဿာဝင် (တစ်တင်း) လျှင် ကျပ်၁၅၈၅၀၀ဈေးနှုန်းဖြစ်ပေါ်နေပါသည်။

     သို့ဖြစ်၍ ဇန်နဝါရီလ(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက စတုတ္တအပတ်တွင် ပဲဈေးနှုန်းအခြေအနေမှာ သိသိသာသာဈေးနှုန်းမြင့်တက်လာကြောင်းသိရပါသည်။ ထိုသို့ ပဲဈေးနှုန်းမြှင့်တက်လာရခြင်းသည်  ပဲမျိုးစုံရှားပါးလာခြင်းကြောင့်လည်းကောင်း၊  ပဲစတင်စိုက်ပျိုးချိန်ဖြစ်ပြီး ပဲထွက်ပေါ်သည့်ရာသီချိန်မဟုတ်ခြင်းကြောင့်လည်းကောင်း ပဲဈေးနှုန်းတက်လာရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)