ကြည့်မြင်တိုင်မြို့နယ်၊ ဗားဂရာ ငှက်ပျောသီးအသင်းသို့ ငှက်ပျောသီးဝင်ရောက်မှုနှင့်ဈေးနှုန်းများ

Powered by Drupal

    ဗားဂရာငှက်ပျောသီးအသင်းတွင် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း ငှက်ပျောသီးဝင်ရောက်မှုစာရင်းနှင့် ဈေးနှုန်းများမှာ ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးအနောက်၊ တိုင်း(၆) တိုင်းများမှ အများဆုံးဝင်ရောက်ကြောင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့၌ ငှက်ပျောဝင်ရောက်မှုပိုမိုဝင်ရောက်ကြောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးအနောက်နှင့် ရန်ကုန်တိုင်းတို့မှ ရခိုင်ငှက်ပျောသီး၊ ဖီးကြမ်း၊ ရွှေငှက်ပျောသီး၊ သီးမွှေး၊ ငှက်ပျောချဉ်များဝင်ရောက်ကြောင်းသိရပါသည်။ ရန်ကုန်တိုင်းမှဝင်ရောက်သော ငှက်ပျောသီးဈေးနှုန်းများမှာ ရခိုင်တစ်ဖီးလျှင် (၅၀၀မှ ၁၅၀၀) ကျပ်၊ ဖီးကြမ်းတစ်ဖီးလျှင် (၈၀၀မှ ၂၅၀၀) ကျပ်၊ ရွှေငှက်ပျောသီးတစ်ဖီးလျှင် (၁၀၀၀မှ ၄၅၀၀) ကျပ်၊ သီးမွှေးတစ်ဖီးလျှင် ၇၀၀မှ ၃၅၀၀ကျပ်၊ ငှက်ပျောချဉ်မှာ ခိုင်ပြတ်ရောင်းဈေး (၃၀၀၀မှ ၁၀၀၀၀) ကျပ်ရှိပြီး ဧရာဝတီတိုင်းနှင့် ပဲခူးအနောက်မှ ငှက်ပျောသီးဈေးနှုန်းများမှာ ရန်ကုန်တိုင်းမှ ငှက်ပျောဈေးနှုန်းများအတိုင်းဖြစ်ကြောင်း သိရှိရပါသည်။ နေပြည်တော်မှဝင်ရောက်သော ဖီးကြမ်းငှက်ပျောတစ်ဖီးဈေးနှုန်းမှာ (၁၀၀၀မှ ၂၅၀၀) ကျပ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်နယ်မှထွက်သော ဖီးကြမ်းတစ်ဖီးမှာ (၁၅၀၀မှ ၃၅၀၀) ကျပ်၊ မန္တလေးတိုင်းမှ ဖီးကြမ်းတစ်ဖီးလျှင် ၁၅၀၀မှ ၃၅၀၀) ထိရှိကြောင်းသိရှိရပါသည်။ ယခုနှစ် ငှက်ပျောဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ်များထက် အဝင်နည်းကြောင်း၊ သယ်ယူစရိတ်များခြင်း၊ ရာသီဥတုဖောက်ပြန်မှုများကြောင့် ဝင်ရောက်မှုနည်းကြောင်း ငှက်ပျောအသင်း၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရန်ကုန်)