တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

   အင်းစိန်မြို့နယ်၊ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့မှ ဇန်နဝါရလ(၃၀)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၆၀၀မှ ၁၄၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၅၀၀မှ ၈၀၀) အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၃၀၀မှ ၆၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၂၈၀၀မှ ၃၀၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၄၀၀၀မှ ၄၃၀၀) အတွင်း၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၁၈၀၀မှ ၅၄၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၁၀၀၀မှ ၁၂၀၀) အတွင်း၊ မုန်ညှင်းထုပ်တစ်ပိဿာလျှင် ကျပ် (၁၅၀၀မှ ၁၈၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၁၇၀၀မှ ၃၃၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀မှ ၁၇၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၉၀၀၀မှ ၁၀၀၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၃၅၀၀မှ ၄၅၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၂၀၀မှ ၄၀၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၈၀မှ ၁၂၀) အတွင်း၊ ခရမ်းသီး  (ရှည်) တစ်ပိဿာလျှင် ကျပ် (၈၀၀မှ ၁၅၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၅၀မှ ၂၀၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၁၃၀၀မှ ၂၃၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်လုံးလျှင်ကျပ် (၁၅၀၀မှ ၈၅၀၀) အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၁၆၃၉၄၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၄၉၅၅)ကျော်၊ ဘူးသီးအလုံးပေါင်း (၁၄၉၂၆) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၇၂၉၂)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၅၈၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၅၀၃၀၀)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ) ပေါင်း (၈၁၈၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၄၅၃၅၀) ကျော် စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)