“အလေ့ကျပေါက်နေလှဲ့စေ့များ ​စျေးကောင်းရ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အတွက် အပူပိုင်းတွင် ပေါက်ရောက်တက်သော ထနောင်း၊ မကျည်း၊ ကုက္ကိုပင်များ နှင့် ဆေးဘက်ဝင်အပင်များလည်း ပေါက်ရောက်ရာဒေသဖြစ်ပါသည် ။ ၄င်းအပင်များအနက် ဆေးဘက်ဝင်အပင် တစ်မျိုးဖြစ်သည့် နေ့လှဲ့ပင်သည် အလေ့ကျပေါက်သောပေါင်းပင်တစ်မျိုးဖြစ်ပြီး ဒီဇင်ဘာလမှအပွင့်စပွင့်၍ဇန်နဝါရီလ တွင်ရင့်မှည့်ပြီးခူးဆွတ်ရကြောင်း၊ယခုအချိန်တွင် နေလှဲ့စေ့များ စတင်ထွက်ရှိလျက်ရှိပါသည်။ နေလှဲ့ပင်မှာ လယ်ကန်သင်းရိုး နှင့် စိုက်ပျိုးမှုနည်းသော လယ်ကွက်များတွင် အများဆုံးပေါက်ရောက်ကြပြီး နေလှဲ့စေ့ကို နေလှဲ့ပင်မှရင့်မှည့်သောအသီးများအားရွေးချယ်၍ ကောက်ကြပါသည် ။ နေလှဲ့စေ့(၁)ဗူးရရန် မလွယ်ကူပေ။ နေလှဲ့စေ့ပေါ်ချိန်တွင် မိသားစုလိုက် တောလည်ထွက်၍ လိုက်လံခြွေကာ စုဆောင်း အခြောက်ခံ၍ ပွဲရုံများသို့ သွားရောက်ရောင်းချကြပါသည် ။ ယခင်နှစ် နေလှဲ့စေ့ (၁)ပိဿာလျှင် (၇၅၀၀)ကျပ်ဖြင့်ရောင်းချခဲ့ရပြီး ယခုနှစ်တွင် နေလှဲ့စေ့(၁)ပိဿာလျှင် (၈၂၀၀)ကျပ်စျေးဖြင့် ရောင်းချရသဖြင့် စျေးနှုန်းကောင်းမွန်သောကြောင့် နေလှဲ့စေ့ခြွေသော လက်လုပ်လက်စားများ အဆင်ပြေ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း ၊ကျောက်ကပ် ၊ အရိုးအက်ခြင်း ၊ ဒူးနာ၊ အကြောနာနှင့်ဆံပင်ကျွတ်ခြင်း စသည့် ရောဂါများကို ကုသရာတွင် ကောင်းမွန်သောကြောင့် နေလှဲ့စေ့ကိုကြိတ်၍ အဆီထုတ်ကာ တိုင်းရင်းဆေးအဖြစ်အသုံးပြုကြောင်း ၊ ခရုသင်းရောဂါအတွက် အထိရောက်ဆုံး ဆီတစ်မျိုးဖြစ်ကြောင်း နေလှဲ့စေ့နှင့် ပတ်သတ်၍ ရေးသားဖော်ပြလိုက်ရပါသည် ။

DOCA(မန္တလေး)