“စတော်ဘယ်ရီစျေးနှုန်းစျေးကွက်”

Powered by Drupal

      စတော်ဘယ်ရီသီးနှံသည် ပြင်ဦးလွင်ရဲ့ဂုဏ်ပုဒ်ကိုဖော်ဆောင်တဲ့ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါသည်။စတင်ထွက်ပေါ်ချိန်မှသီးနှံရိတ်သိမ်းပြီးချိန်အထိ ပြင်ဦးလွင်မှတဆင့် တိုင်းဒေသမြို့ကြီးများသို့ တင်ပို့ရောင်းချကြလို့  စတော်ဘယ်ရီစိုက်တောင်သူများ နှင့် ကုန်သည် ၊ ပွဲစားများအတွက်  ဝင်ငွေ ကောင်းသော သီးနှံတစ်မျိုးဖြစ်ပြီး နှစ်စဉ် ပြင်ဦးလွင်မြို့ရဲ့ အဓိကထားပြီး စိုက်ပျိုးကြတဲ့ သီးနှံတစ်မျိုးဖြစ်ပါသည် ။ ပြင်ဦးလွင်မြို့နယ်တွင် စတော်ဘယ်ရီသီးနှံစိုက်ဧက(၂၃၅)ဧက စိုက်ပျိုးပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် (၉၆၈.၁၉)ပိဿာထွက်ရှိပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့်(၄၅)သိန်း ကုန်ကျကြောင်း၊စတော်ဘယ်ရီသီးနှံကို စက်တင်ဘာ၊အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီမှမေလအထိ ခူးဆွတ်ရိတ်သိမ်းရကြောင်း ၊ ယခုနှစ် ဇန်နဝါရီလအတွင်း စတင်ထွက်ပေါ် သော စတော်ဘယ်ရီ(ထိုင်ဝမ်+ဂျပန်) အကြွပ်သီးစျေးနှုန်း အဖွင့်စျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့်စတင်ပြီး ယခင်နှစ် စတော်ဘယ်ရီ (၁)ပိဿာလျှင်(၉၀၀၀)ကျပ်စျေးနှုန်းဖြစ်၍ (၁၀၀၀)ကျပ်ပိုမိုစျေးနှုန်းရရှိကြောင်း၊(ထိုင်ဝမ်အချိုသီး)ယခင်နှစ်တွင်(၁၂၀၀၀)ကျပ်ရှိပြီးယခုနှစ်တွင် (၁၃၀၀၀)ကျပ် စျေးနှုန်းရှိကြောင်း၊ဒေသသီးနှင့် အခြားမျိုးများထွက်ပေါ်မှုမရှိသေး၍ စျေးနှုန်းစျေး ကွက်ဖွင့်လှစ်မှုမရှိသေးကြောင်း ၊ စတော်ဘယ်ရီထွက်ပေါ်ချိန် (၅)လတာကာလအတွင်း သီးနှံလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် စျေးနှုန်းကျဆင်းတက်ပြီး ယခင်နှစ် စျေးနှုန်းအနေဖြင့်(၁)ပိဿာလျှင် (၈၀၀၀-၇၀၀၀-၅၅၀၀)ကျပ်အထိကျဆင်းခဲ့ကြောင်း ၊ ဝယ်လိုအားထက် ရောင်းလိုအားများသော ကြောင့် သီးနှံလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း တောင်သူ၊ကုန်သည်များထံမှ သိရှိရပါသည်။စျေးကွက်အနေဖြင့် ပြည်ပတင်ပို့နိုင်မှုမရှိသေးသော်လည်း ပြည်တွင်းစျေးကွက်သို့ ဖြန့်ဖြူးလျှက်ရှိပြီး အသီးအစိမ်းအနေဖြင့်သော်လည်းကောင်း ၊ (ယိုစုံ၊Jum၊ဝိုင်)စားသောက်ကုန်များ ထုတ်လုပ်၍ ပြည်တွင်းရှိ တိုင်းဒေသကြီးများ ၊ ပြည်နယ် ၊ မြို့များသို့တင်ပို့ရောင်းချကြပါသည် ။ ပြင်ဦးလွင်မြို့၏ဂုဏ်ဆောင်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် စတော်ဘယ်ရီသီးနှံသည် စတင်ထွက်ပေါ် နေပြီဖြစ်ပြီး ခရီးသွားဧည့်သည်များ အိမ်အပြန်ခရီးအတွက် လက်ဆောင်တစ်ခုအဖြစ် မရှိမဖြစ် စတော်ဘယ်ရီ ဖျော်ရည်၊ယိုစုံ၊ဝိုင်ချိုချိုလေးကို လာရောက်မြည်းစမ်းဖို့ ပြင်ဦးလွင်မြို့ကိုဖိတ်ခေါ်ရင်း တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)