ဖေဖော်ဝါရီလ ပထမပတ်တွင် မုံရွာမြို့၌ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇) ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဇန်နဝါရီလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၆၇၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၉၀၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၁၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၈၀) ကျပ်ဖြင့် ရောင်းချရှိကြောင်း သိရသည်။

     ယခု ဖေဖော်ဝါရီလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၈၂၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၉၄၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၂၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၆၅) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်ဇန်နဝါရီလ စတုတ္ထပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၅၀) ကျပ်၊  ဓါတ်ဆီ(95) တစ်လီတာလျှင် (၄၅) ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၀၅) ကျပ် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၈၅) ကျပ်ဈေးနှုန်း အသီးသီးမြင်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)