ကန့်ဘလူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာရောင်းချပေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသည့်  တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့်  ကန့်ဘလူခရိုင် ဆီလုပ်ငန်းရှင်များအသင်းမှ (၃.၂.၂၀၂၄) ရက်နေ့ နံနက် ၀၈:၃၀ နာရီက ကန့်ဘလူမြို့ ၊ ကန့်ဘလူ ခရိုင်စုပေါင်းရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

    အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် ၆၀၅၀ ကျပ်ဖြင့် ဝန်ထမ်းတစ်ဦးလျှင်(၂)ပိဿာနှုန်း လက်ဝယ်အရောက် ရောင်းချပေးပြီး လူဦးရေ (၁၁၅၅)ဦးအတွက် စားအုန်းဆီ ၂၃၁၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

DOCA(စစ်ကိုင်း)