ဗားဂရာငှက်ပျောသီးအသင်းမှ (၃၀-၁-၂၀၂၄) ရက်နေ့မှ (၅-၂-၂၀၂၄) ရက်နေ့အထိ ငှက်ပျောသီးဝင်ရောက်မှုစာရင်းနှင့် ဈေးနှုန်းများမှာ ဧရာဝတီတိုင်းမှ ငှက်ပျောသီးဝင်ရောက်မှုများကြောင်း၊ ဧရာဝတီတိုင်းမှ သီးမွှေးများမှာ ဈေးကျကြောင်း၊ တောင်ငူနယ်မှ ငှက်ပျောသီးဝင်ရောက်မှုမှာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အဝင်နည်းကြောင်းသိရှိရပါသည်။ဧရာဝတီတိုင်း၊ ပဲခူးအနောက်နှင့် ရန်ကုန်တိုင်းတို့မှ ရခိုင်ငှက်ပျောသီး၊ ဖီးကြမ်း၊ ရွှေငှက်ပျောသီး၊ သီးမွှေး၊ ငှက်ပျောချဉ်များဝင်ရောက်ပါသည်။ ရန်ကုန်တိုင်းမှဝင်ရောက်သော ငှက်ပျောသီးဈေးနှုန်းများမှာ ရခိုင်တစ်ဖီးလျှင် (၅၀၀မှ ၁၅၀၀) ကျပ်၊ ဖီးကြမ်းတစ်ဖီးလျှင် (၈၀၀မှ ၂၅၀၀) ကျပ်၊ ရွှေငှက်ပျောသီးတစ်ဖီးလျှင် (၁၀၀၀မှ ၄၅၀၀) ကျပ်၊ သီးမွှေး တစ်ဖီးလျှင် (၇၀၀မှ ၃၅၀၀) ကျပ်၊ ငှက်ပျောချဉ်မှာ ခိုင်ပြတ်ရောင်းဈေး (၃၀၀၀မှ ၁၀၀၀၀) ကျပ်ရှိပြီး ဧရာဝတီတိုင်းနှင့် ပဲခူးအနောက်မှ ငှက်ပျောသီးဈေးနှုန်းများမှာ ရန်ကုန်တိုင်းမှ ငှက်ပျောသီးဈေးနှုန်းများအတိုင်းဖြစ်ကြောင်းသိရှိရပါသည်။ နေပြည်တော်မှဝင်ရောက်သော ဖီးကြမ်းငှက်ပျောတစ်ဖီးဈေးနှုန်းမှာ (၁၀၀၀မှ ၂၅၀၀) ကျပ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်နယ်မှထွက်ရှိသော ဖီးကြမ်းတစ်ဖီးမှာ (၁၅၀၀မှ ၃၅၀၀) ကျပ်၊ မန္တလေးတိုင်းမှ ဖီးကြမ်းတစ်ဖီးလျှင် (၁၅၀၀မှ ၃၅၀၀) ထိရှိကြောင်းသိရှိရပါသည်။ ယခုနှစ်ငှက်ပျောသီးဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ်များထက် အဝင်နည်းကြောင်း၊ သယ်ယူစရိတ်များခြင်း၊ ရာသီဥတုဖောက်ပြန်မှုများကြောင့် ဝင်ရောက်မှုနည်းကြောင်း ငှက်ပျောသီးအသင်း၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(ရန်ကုန်)