မိတ္ထီလာခရိုင်မှာ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်၊ ငရုတ်သီးနှံများကို အများအပြားစိုက်ပျိုးသော ခရိုင်တစ်ခုဖြစ်ပါသည်။ ယခုအခါ သီးနှံများဖြစ်ထွန်းအောင်မြင်ရန်အတွက်အသုံးပြုသည့် သွင်းအားစုမြေဩဇာဈေးများဈေးငြိမ်နေသည်ကိုတွေ့ရှိရပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် GBS (50kg) တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ရွှေတောင်ပုလဲ (50kg) တစ်အိတ်လျှင် (၇၆၅၀၀) ကျပ်၊ အာမို (50kg) တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ GBS ပုလဲ (50kg) တစ်အိတ်လျှင် (၇၈၀၀၀) ကျပ်၊ ရွှေပွားပုလဲ (50kg) တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဖေဖော်ဝါရီလ ပထမပတ်တွင် GBS (50kg) တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ရွှေတောင်ပုလဲ (50kg) တစ်အိတ်လျှင် (၇၆၅၀၀) ကျပ်၊ အာမို (50kg) တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ GBS ပုလဲ (50kg) တစ်အိတ်လျှင် (၇၈၀၀၀) ကျပ်၊ ရွှေပွားပုလဲ (50kg) တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ဈေးနှုန်းရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက မြေဩဇာဈေးနှုန်းများမှာ ဈေးငြိမ်လျက်ရှိပါသည်။ စိုက်ပျိုးရာသီချိန်မဟုတ်သောကြောင့်အရောင်းအဝယ်ပါး၍ ဈေးငြိမ်နေကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)