မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံအ‌ရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမကွေးကုန်စည်ဒိုင်သို့ စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသော ပဲနှင့်နှမ်းမျိုးစုံတို့ အများဆုံးဝင်‌‌ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ကုလားပဲ(HL)၊ ကုလားပဲ(929)၊ မတ်ပဲ၊ ပဲစဉ်း ငုံနီတို့မှာ အရောင်း အဝယ်အများဆုံး ဖြစ်ကြောင်း၊  ကုလားပဲ (HL) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၉၅၀၀၀)ရှိပြီး (ပထမပတ်)တွင် ကျပ် (၉၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)စျေးမြင့်ခဲ့ကြောင်း၊  ကုလားပဲ(929) (၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၉၆၀၀၀)ရှိပြီး (ပထမပတ်)တွင် ကျပ် (၉၅၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀)စျေးမြင့်ခဲ့ကြောင်း၊  ကုလားပဲ (HL)နှင့် ကုလားပဲ (929)မှာ (၁)ပတ်အတွင်း အိတ်ပေါင်း(၁၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊  မန္တလေးမှ အများဆုံးဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

    မတ်ပဲ(၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၁၀၅၀၀၀)ရှိပြီး (ပထမပတ်)တွင် ကျပ် (၉၆၀၀၀) ဖြစ်၍ ကျပ်(၉၀၀၀)စျေးနှုန်းမြင့်ခဲ့ကြောင်း၊ (၁)ပတ်အတွင်း အိတ်ပေါင်း (၄၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မန္တလေးမှအများဆုံးဝယ်ယူလျက်ရှိကြောင်း၊  ပဲစဉ်းငုံနီ (၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၁၂၆၀၀၀-၁၂၇၀၀၀)ရှိပြီး (ပထမပတ်)တွင် ကျပ်(၁၂၂၃၀၀-၁၂၂၅၀၀)ဖြစ်၍ ကျပ်(၃၇၀၀-၄၅၀၀) စျေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံနီ (၁)ပတ်အတွင်း အိတ်ပေါင်း (၆၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ရန်ကုန်မှအများဆုံးဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

     (၈.၂.၂၀၂၄)ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းများမှာ နှမ်းနက်စမုံ (၁၅)ပိဿာ (၁) တင်းလျှင် ကျပ်(၁၃၀၀၀၀)၊ နှမ်းဖြူ (၁၅)ပိဿာ (၁) တင်းလျှင် ကျပ် (၁၃၁၀၀၀)၊ နှမ်းနီ (မကွေး) (၁၅)ပိဿာ (၁)တင်းလျှင် ကျပ် (၁၁၃၀၀၀-၁၁၄၀၀၀)၊ နှမ်းညိုကြား (၁၅)ပိဿာ (၁) တင်းလျှင် ကျပ် (၁၀၇၀၀၀)၊ နှမ်းနီ (နယ်စ) (၁၅)ပိဿာ (၁) တင်းလျှင် ကျပ် (၁၁၀၀၀၀-၁၁၁၀၀၀)၊ ပဲမျိုးစုံအနေဖြင့် ပဲတီစိမ်း (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၇၂၀၀၀-၇၃၀၀၀)၊ ပဲနောက်(၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၆၃၀၀၀)၊ ကုလားပဲ(929)(၁၉)ပိဿာ (၁)တင်း လျှင် ကျပ်(၉၆၀၀၀)၊ ကုလားပဲ (HL) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၉၅၀၀၀)၊ ပဲကြီးဖြူ(လတ်) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၁၀၀၀၀၀)၊ ပဲကြီးဖြူ (သေး) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၉၅၀၀၀)၊ ပဲကြီးဖြူ(ပြားကြီး) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၁၀၅၀၀၀)၊ ပဲကြီးမဲ(ချင်း) (၁၉)ပိဿာ (၁)တင်းလျှင် ကျပ် (၈၅၀၀၀)၊ ပဲစဉ်းငုံနီ(၂၀)ပိဿာ (၁)တင်း လျှင် ကျပ် (၁၂၆၀၀၀-၁၂၇၀၀၀)၊ မတ်ပဲ (၂၀)ပိဿာ(၁)တင်းလျှင် ကျပ် (၁၀၅၀၀၀)၊ စားတော်ပဲ (၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ကျပ်(၈၀၀၀-၈၂၀၀)၊ လုံးဆံဖြူ(၁)ပိဿာလျှင် ကျပ် (၆၈၀၀-၆၉၀၀)၊ မြေပဲဆံ(အောက်ကျ) (၁)ပိဿာလျှင် ကျပ်(၅၂၀၀-၅၄၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)