မိတ္ထီလာကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     မိတ္ထီလာကုန်စည်ဒိုင်တွင်ဖြစ်ပေါ်လျက်ရှိသော ဆီထွက်သီးနှံစျေးနှုန်းများမှာ    ဖေဖော်ဝါရီလ ပထမပတ်၌ နှမ်း (ညို) တစ်တင်းလျှင် (၁၀၀၀၀၀-၁၀၂၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၀၀၀၀-၁၁၅၀၀၀) ကျပ်၊ နေကြာစေ့တစ်တင်းလျှင် (၄၀၀၀-၄၁၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၅၅၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၂၉၅၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၁၈၃၀) ကျပ်ဖြင့်ရောင်းဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇန်နဝါရီလ ပထမပတ်တွင် နှမ်းညို(သစ်)တစ်တင်းလျှင် (၈၈၀၀၀-၈၉၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်  (၁၀၀၀၀-၁၀၅၀၀၀)ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် (၄၂၀၀-၄၃၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၁၈၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ယခုလ ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ဆီထွက်သီးနှံဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး ကုန်ချောဈေးနှုန်းများတည်ငြိမ်လျက်ရှိပါသည်။

     ယခုဖေဖော်ဝါရီလ ပထမပတ်အတွင်း ပဲမျိုးစုံစျေးနှုန်းများမှာ ကုလားပဲ (V2) နှင့် ပဲစဉ်းငုံသီးနှံများသာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကုလားပဲ (V2) တစ်တင်းလျှင် (၉၇၀၀၀) ကျပ်၊ ပဲစဉ်းငုံတစ်တင်းလျှင် (၁၃၂၀၀၀)ကျပ်စျေးနှုန်းဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခင်ဇန်နဝါရီလ ပထမပတ်အတွင်း ကုလားပဲ (V2) တစ်တင်းလျှင် (၈၈၀၀၀-၉၀၀၀၀) ကျပ်၊ ပဲစဉ်းငုံအသစ်တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်စျေးနှုန်းရှိခဲ့ရာ ယခင်လနှင့် ယခုလကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ကုလားပဲများမှာ ဒေသတွင်းသုံးစွဲမှုများလာခြင်းကြောင့် ကုလားပဲ (V2)စျေးနှုန်းမှာ တစ်တင်းလျှင် (၇၀၀၀) ကျပ်ခန့်မြင့်တက်ခဲ့ပြီး ပဲစဉ်းငုံမှာ ရာသီချိန်ဖြစ်သော်လည်း ပြည်ပလိုအပ်ချက်များရှိသဖြင့် ပဲစဉ်းငုံတစ်တင်းလျှင် (၂၇၀၀၀) ကျပ်ခန့်စျေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။

    ယခုဖေဖော်ဝါရီလ ပထမပတ်အတွင်း ဝါတစ်ပိဿာလျှင် (၃၀၀၀-၃၂၀၀)ကျပ်၊ ငရုတ်သစ်တစ်ပိဿာလျှင် (၉၅၀၀-၁၀၀၀၀)ကျပ်ရှိပြီး ယခင်ဇန်နဝါရီလ ပထမပတ်အတွင်း ဝါတစ်ပိဿာလျှင် (၃၀၀၀ -၃၃၀၀)ကျပ်၊ ကြက်သွန်နီ(သစ်) တစ်ပိဿာလျှင် (၂၇၀၀-၃၀၀၀)ကျပ်၊ ငရုတ်သစ်တစ်ပိဿာလျှင် (၉၅၀၀-၁၀၀၀၀)ကျပ်ရှိပြီး ယခင်လနှင့် ယခုလဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ငရုတ်သစ်ဈေးနှုန်းမှာ ဈေးငြိမ်နေပြီး၊ ဝါသီးနှံမှာ ဝါအရည်အသွေးကျဆင်းသောကြောင့် ဝါတစ်ပိဿာလျှင် (၁၀၀)ကျပ်ဈေးနှုန်းကျလာကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)