ကံမမြို့နယ်ဆောင်းမြေပဲသီးနှံ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ကံမမြို့နယ် မြောက်ချောင်းဘက်ရှိ ကျေးရွာများဖြစ်သော ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပရာ၊ ကျောက်ပတောင်း၊ ကျောက်ဆောင်း၊ ကျီးမီး၊ ရွာသာယာ စသည့် ကျေးရွာများမှ ထွက်ရှိသည့် သီးနှံများအနက် ဆောင်းမြေပဲသီးနှံများ စတင်‌ ပေါ်ထွက်လျက် ရှိရာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ()ပိဿာလျှင် ကျပ်(၆၂၀၀-၆၃၀၀) ဈေးဖြင့် ယခင်အပတ် ကျပ်(၆၀၀၀မှ၆၁၀၀)ဈေးထက် (၁၀၀ မှ၂၀၀)ဈေးအမြင့်ဖြင့် တစ်နေ့လျှင် ပိဿာ (၈၀၀ မှ ၁၁၀၀)ဝန်းကျင်ခန့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ နေ့စဉ်‌ တင်ပို့ရောင်းချလျက်ရှိပါကြောင်း ကုန်သည်ကိုထိုက်သူအောင်ထံမှ သိရပါသည်။

     ကံမမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်းမြေပဲသီးနှံများကို လျာထားဧက (၄၆၃၁)ဧက၊ စိုက်ပျိုးပြီးဧက(၅၂၃၇)ဧကဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ထိ ရိတ်သိမ်း ဧက(၄၄၉)ဧက၊ အထွက်နှုန်း(၆၈.၁၂)တင်း၊ အထွက်တင်း (၃၀၅၈၆)တင်း ဖြစ်ကြောင်း ကုလားပဲ သီးနှံ စိုက်ပျိုးပြီးဧက(၈၀၉၇)ဧကဖြစ်ပြီး ဇန်နဝါရီလ(၃၁)ရက်နေ့ထိ ရိတ်သိမ်းဧက(၄၀)ဧက၊ အထွက်နှုန်း(၁၆.၉၈)တင်း၊ အထွက်တင်း(၆၇၉)တင်း ဖြစ်ပါကြောင်း မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ သိရပါသည်။

DOCA(မကွေး)