ဖေဖော်ဝါရီလ ဒုတိယပတ်၌ မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

     မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇) ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၈၂၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၉၄၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၂၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၆၅) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၇၄၀) ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၈၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၉၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၆၄၀) ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်ဖေဖော်ဝါရီလ ပထမပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၈၀) ကျပ်၊  ဓာတ်ဆီ (95) တစ်လီတာလျှင် (၈၅) ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၃၀) ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅) ကျပ် စသည်ဖြင့် ဈေးနှုန်းအသီးသီးကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)