ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

     ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည်လျှင် ကျပ်၅၅၀၀၊ ဧရာမင်း (အသစ်)တစ်ပြည်လျှင် ကျပ်၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ အလုံးအကြီး/အသေးနှင့် အမျိုးအစားပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ်(၂၀၀၀/၁၅၀၀)၊ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)အကြီးတစ်ပိဿာလျှင် ကျပ်၁၈၀၀၀ အလုံးအသေးတစ်ပိဿာလျှင် ကျပ်၁၆၀၀၀ ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ်၁၂၀၀၀၊ ချင်းတစ်ပိဿာလျှင် ကျပ်၅၅၀၀၊ အာလူးအသေး/အကြီးတစ်ပိဿာလျှင် အမျိုးအစားအလိုက် ကျပ်(၂၅၀၀/၃၀၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်၁၄၀၀၀၊ ကုလားပဲဆံတစ်ပြည်လျှင် ကျပ်၈၅၀၀၊ စွန်တာနီပဲလုံးကြားတစ်ပြည်လျှင် အလုံးလှလျှင် ကျပ်၄၈၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

     ကန့်ဘလူ၊ ကျွန်းလှတို့၏ အသီးအရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(ထိုင်ဝမ်) တစ်ပိဿာလျှင် ကျပ်၅၀၀၊ ခရမ်းချဉ်သီး (ဗမာ) တစ်ပိဿာလျှင် ကျပ်၁၀၀၀၊ ခရမ်းသီးတစ်ပိဿာလျှင်ကျပ်၅၀၀၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်၂၅၀၀၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်၈၀၀၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်၈၀၀၊ ပဲသီးတောင့်ရှည်တစ်စည်းလျှင် ကျပ်၂၅၀၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်၁၅၀၊ ချဉ်ပေါင်ရွက်တစ်ပုံလျှင် ကျပ်၂၀၀၊ မုံညှင်းဖူးတစ်စည်းလျှင် ကျပ်၃၀၀၊ ကိုက်လန်တစ်စည်းလျှင် ကျပ်၃၀၀၊ မုန်ညှင်းဥဖြူ(၃)လုံးပါ တစ်တွဲလျှင် ကျပ်၃၀၀၊ သံပရာသီးတစ်လုံးလျှင် ကျပ်၁၀၀၊ ထောါပတ်ပဲစို နို့ဆီတစ်ဘူးလျှင် ကျပ်၈၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

     ကန့်ဘလူ၊ ကျွန်းလှတို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ/cp) တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀/ ၁၈၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်၁၆၀၀၀၊ အမဲသားတစ်ပိဿာလျှင် ကျပ်၁၄၀၀၀၊ ငါးကြင်းအကောင်လိုက်တစ်ပိဿာလျှင်  ကျပ်၁၀၀၀၀၊ ငါးကြင်းခုတ်သားတစ်ပိဿာလျှင် ကျပ်၁၆၀၀၀၊ တီလားဗီးယားငါးအကောင်သေးတစ်ပိဿာလျှင် ကျပ်၆၀၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၉၀၀၀၊ ကြက်ဥတစ်လုံးလျှင် ကျပ်၂၅၀၊ ဘဲဥတစ်လုံးလျှင် ကျပ်၄၀၀တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် ကျပ်၁၄၀၀၀၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်၆၁၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

   ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်းဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ဖေဖေါ်ဝါရီလ ပထမအပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်ပါက အခြားအခြေခံစားသောက်ကုန်ဈေးနှုန်းများနှင့် အသားငါးဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကာ အသီးအရွက်ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေးရှိ ဈေးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)