မုဒုံမြို့နယ်တွင် ဖူးစားပြောင်းများဈေးကောင်းရရှိ

Powered by Drupal

  မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကျေးရွာများတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများတစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ဖူးစားပြောင်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ တောင်သူများတွက်ချေကိုက်လျက်ရှိသည်။

      မုဒုံမြို့နယ်တွင် တောင်သူအများစုက မိုးစပါးများရိတ်သိမ်းပြီးချိန်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အားထားလုပ်ကိုင်ကြပြီး ဆောင်းသီးနှံများအနေဖြင့် ဖူးစားပြောင်း၊ ပန်းဂေါ်ဖီ၊ မုန်လာဥဖြူ၊ ခရမ်းသီး၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ငရုတ် စသည့်သီးနှံများကို စိုက်ဧကပေါင်း (၂၃၀၀) ကျော်စိုက်ပျိုးထားကြောင်းသိရှိရသည်။

     မုဒုံမြို့နယ်တွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ရိုးရိုးသကြားပြောင်းနှင့် ကောက်ညှင်းပြောင်းဖူးများကို အများဆုံးစိုက်ပျိုးကြပြီး မြို့ပေါ်ဈေးများတွင် တစ်ဖူးလျှင် (၃၅၀) မှ (၄၀၀) ကျပ်ထိရောင်းချရပြီး တွက်ချေကိုက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)