စိုက်ပျိုးသင့်သည့် ငွေနှင်းမှိုလုပ်ငန်း

Powered by Drupal

    အမှတ်(၂၇၇)၊ ရဲဘော်ဈေး(၇)လမ်း၊ ဆပ်သွားတောကျေးရွာ၊ မှော်ဘီမြို့နယ်ရှိ လုပ်ငန်းရှင် ဦးမင်းကျော်သူ၏ “ကြယ်ထက်မှိုလုပ်ငန်း”သို့ သွားရောက်လေ့လာခဲ့ရာ ငွေနှင်းမှိုလုပ်ငန်းကို ၂၀၁၅ခုနှစ်မှစတင်စိုက်ပျိုးပြီး  မှိုစိုက်ပျိုးခြင်းမှာ တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သော အော်ဂဲနစ်ငွေနှင်းမှိုလုပ်ငန်းဖြစ်ပြီး ကိုယ်တိုင်မျိုးထုပ်၊ မျိုးပုလင်းများပြုလုပ်၍ မျိုးပုလင်း(၁)ပုလင်းလျှင် (၁၅၀၀)ကျပ်ဖြင့် လက်လီ/လက်ကားရောင်းချလျက်ရှိပါသည်။ မျိုးပုလင်းပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများမှာ လွှဇာ၊ ဖွဲနု၊ ထုံး၊ ဆခါး၊ သကြား (၅)မျိုးရောစပ်၍မျိုးထုပ်ရပြီး မျိုးထုပ်ဆိုဒ်မှာ (၂)မျိုးရှိပါသည်။ မှိုစိုက်ပျိုးသူတောင်သူအနေဖြင့် မိမိတို့စိုက်ပျိုးထားသည်မှာ (၂၀’x၅၀’)အကျယ်အဝန်းရှိသောရုံ (၁)ရုံသာရှိပြီး စိုက်ပျိုးထုပ်ပေါင်း (၁၀၀၀) ထုပ်စိုက်ပျိုးထားရှိပါသည်။ တစ်နေ့လျှင် မှိုပိဿာချိန် (၅)ပိဿာခန့်ထွက်ရှိပါသည်။ စိုက်ပျိုးနည်းစနစ်မှာ မျိုးထုပ်ကိုမစိုက်ပျိုးမီ ရေနွေးငွေ့နှင့် (၄)နာရီပေါင်းပြီးနောက် အအေးခံ၍ မျိုးပုလင်းကိုထည့်ကာ (၂၈)ရက် (သို့မဟုတ်) (၃၀)ရက်အထိ မျိုးထုပ်ပြည့်အောင်စောင့်ရပါသည်။ မှိုမျိုးထုပ်မျိုးပြည့်မီမှသာ စိုက်ခင်းတွင် စိုက်ပျိုးရပါသည်။  စိုက်ပျိုးပြီးနောက် (၇)ရက်/ (၁၀)ရက်အကြာတွင် မှိုများကိုခူးယူ၍ ဈေးကွက်အနေဖြင့် ထောက်ကြန့်ဈေးသစ်နှင့် အိမ်သို့လာယူသောဖောက်သည်များကို တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မှိုစိုက်ပျိုးသူတောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ရန်ကုန်)