![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/103_11.jpg?itok=aMsHza_-)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ငရုတ်သီးစိုက်ပျိုးရာ ပခုက္ကူကျွန်း၊ မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်အုပ်စုကျေးရွာများဖြစ်သော မြင်းဝန်း၊ ငကျော်၊ ဘဲကြီးကျေးရွာများတွင် သာမက ကျွန်းဦး၊ ကျွန်းညို၊ ရွာသစ်ကုန်း၊ သင်္ဘောကုန်းကျေးရွာများတွင် ငရုတ်သီးအမျိုးအစားများစွာစိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ပခုက္ကူဒေသထွက် ငရုတ်သီးများသာမက အခြားဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာဒေသများမှ သံဗို (11)၊ ကံမာလာ၊ ဖော့ရေပြင်၊ ရွှေအပ်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငရုတ်သီးကုန်သည်များထံမှသိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ပခုက္ကူခရိုင်၊ မြို့မစည်ပင်သာယာဈေး၌ရောင်းချနေသော ငရုတ်သီးခြောက်ဈေးနှုန်းများမှာ အမျိုးအစားများကိုလိုက်၍ ကံမာလာနှင့် ဖော့ရေပြင် ငရုတ်သီးခြောက်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ်(၉၀၀၀မှ ၁၀၀၀၀)၊ ရွှေအပ်သီးတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀မှ ၁၃၅၀၀)၊ ပျော်ဘွယ်၊ ရမည်းသင်းတို့မှထွက်ရှိသော ငရုတ် သီးခြောက်မှာ တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ပခုက္ကူဒေသထွက် ကျွန်းသီးအရှည်တစ်ပိဿာလျှင် ကျပ်(၉၀၀၀-၁၀၀၀၀)၊ ကျွန်းသီး(အပု)တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀-၁၇၀၀၀)တို့ဖြစ်ပြီး ငရုတ်သီးစိမ်းအစိုတစ်ပိဿာလျှင် ကျပ်(၂၅၀၀)တို့ဖြင့်ရောင်းချလျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးသည်များထံမှသိရှိရပါသည်။
DOCA(မကွေး)