ပြည်ခရိုင်၊ ပြည်မြို့၏ဈေးကွက်များတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မရမ်းသီးများအနည်းငယ်ဝင်ရောက်စပြုနေသည်ကိုတွေ့ရပါသည်။ ပေါ်စအချိန်တွင် မရမ်းသီးများမှာ ရေလောင်း၍စိုက်ပျိုးထားခြင်းကြောင့် ဆီးသီးအရွယ်လောက်ရှိပြီး တစ်ဆယ်ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချသော်လည်း ဈေးတိုင်းတွင်မရှိဘဲ ရှိသည့်ဈေးတွင် ဈေးသည်တစ်ဦး/ နှစ်ဦးသာရောင်းချကြပါသည်။ ထိုမရမ်းသီးများမှာ ဥယျာဉ်မရမ်းသီးဖြစ်ပြီး ယခုအချိန်တွင် ဈေးကွက်သို့ဝင်ရောက်လာသော မရမ်းသီးများမှာ အသေးစားအရွယ်ဖြစ်ပြီး ပြည်မြို့အနီးတဝိုက်ကျေးရွာများရှိ ဥယျာဉ်များတွင်စိုက်ပျိုးသော မရမ်းသီးများဖြစ်ကြောင်းသိရှိရပါသည်။ မရမ်းသီးဈေနှုန်းများမှာ အရွယ်အစားသေးလျှင် သေးသလိုဈေးကောင်းရပြီး ကြီးလျှင် ဈေးနှုန်းအနည်းငယ်လျော့နည်းသဖြင့် ယခုအပတ် ဖေဖော်ဝါရီလလယ်တွင် ဈေးတင်ရောင်းချသော မရမ်းသီးဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ၅၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပေါ်ခါစအချိန်ဖြစ်၍ ဈေးသည်ဒိုင်တင်၍ ရောင်းချနိုင်ခြင်းမရှိသလို ဝယ်ယူစားသုံးသူလည်းနည်းနေသော်လည်း ငွေကြေးတတ်နိုင်သူတချို့သာဝယ်ယူစားသုံးကြသဖြင့် မရမ်းသီးဈေးနှုန်းများမြင့်တက်လာသည်ဟုသိရပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်၍ မရမ်းသီးဈေးနှုန်းများမြင့်တက်နေသော်လည်း နောက်ပိုင်းကာလာများတွင် လှိုင်လှိုင်ပေါ်လာလျှင် ဈေးနှုန်းများကျဆင်းလာနိုင်မည်ဖြစ်ပြီး ယခင်နှစ်မရမ်းသီးလှိုင်လှိုင်ပေါ်ချိန်ကာလတွင် မရမ်းသီးတစ်ဆယ်ကျပ်သားလျှင် (၄၀၀/၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀/၅၀၀၀) ကျပ်ဖြင့်သာရောင်းချခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)