ပခုက္ကူမြို့ပေါ်တွင် ရောင်းအားကောင်းလျက်ရှိသည့် “ E.co” ကြက်ဥခေါက်မုန့်လုပ်ငန်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပခုက္ကူမြို့ပေါ်ရှိ လုပ်ငန်းရှင်များအား ထုတ်လုပ်သည့်ကုန်ပစ္စည်းများပေါ်တွင်  ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြ နိုင်ရေး ကွင်းဆင်းအသိပညာပေးလျက်ရှိရာ (၁၆-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရွှေကံသာရှိ “ E.co ” ကြက်ဥခေါက်မုန့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ထုတ်လုပ်ပုံအဆင့်ဆင့်ကို မေးမြန်းခဲ့ပါသည်။

     ခေါက်မုန့်လုပ်ငန်းရှင်သည် ခေါက်မုန့်များကို ဆန်မှုန့်နှင့်သကြားရောစပ်၍ကျိုကာ ပီလောပီနံမှုန့်၊ ဆား၊ သကြားနှင့်ထပ်မံနယ်ပြီး မုန့်ဖုတ်သည့်ခုံပေါ်တွင် ခေါက်မုန့်ဖုတ်ရကြောင်း၊ တစ်နေ့လျှင် မီးသွေး(၂)အိတ်ကုန်၍ မီးသွေးမှာ တစ်အိတ်လျှင် ကျပ်(၁၁၀၀၀)ပေးဝယ်ရကြောင်း၊ ယခင်က မီးသွေးဈေးနှုန်းမှာ ဈေးသင့်သောကြောင့် အကျိုးအမြတ်ကျန်ပြီး ယခုအချိန်၌ မီးသွေးဈေးနှုန်းကြီးမြင့်လာသောကြောင့် အကျိုးအမြတ်နည်းကြောင်း၊ လုပ်သားဦးရေ (၃)ဦးရှိပြီး နံနက်ခင်းပိုင်းတွင် ကျပ်(၆၀၀၀)ခန့်ပေးရကြောင်း၊ နေ့လယ်အချိန်တွင် မီးပူသဖြင့် နံနက်စောစောထ၍ လုပ်ရကြောင်း၊ ဈေးနှုန်းအနေဖြင့် (၁၀)ထုပ်တစ်တွဲကို ကျပ်(၇၀၀)ဖြင့်ရောင်းချပြီး (၁၀)ထုပ်တွဲ (၂၄)တွဲပါ တစ်ဖာကို ကျပ်(၁၆၈၀၀)ဖြင့် လက်ကားရောင်းချကြောင်း၊ မြို့ပေါ်ရှိ မုန့်ဆိုင်များ၊ မြို့မဈေးနှင့် ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် ယခင်က မုံရွာ၊ ရေစကြို၊ မြိုင်နယ်များသို့တင်ပို့ရပြီး ယခုအခါတွင် နယ်မြေအခြေအနေအရ မြို့ပေါ်တွင်သာရောင်းချရကြောင်း၊ လုပ်ငန်းလည်ပတ်ရသည်မှာ နေ့စဉ်ဖြစ်ပြီး နားရက်မရှိကြောင်း၊ ရောင်းအားအနေဖြင့်လည်း ပုံမှန်ရောင်းချရပြီး မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်၍ ဝင်ငွေရရှိကြောင်း “ E.co ” ခေါက်မုန့်လုပ်ငန်းရှင် ဦးဆန်း၏ပြောပြချက်အရသိရှိရပါသည်။

DOCA(မကွေး)