![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/27.4_3.jpg?itok=RWfCXdDp)
တပို့တွဲလနှမ်းမနဲပွဲဟူသည့် ဆိုရိုးစကားအတိုင်း မြန်မာလူမျိုးတို့သည် နှစ်စဉ်တပို့တွဲလရောက်တိုင်း ပြည်နယ်အသီးသီးတို့တွင် အသင်းအဖွဲ့အလိုက် ရုံးဌာနအဖွဲ့အလိုက် နှမ်းမနဲ ထိုးပြိုင်ပွဲကို အပြိုင်အဆိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည့် ဓလေ့ထုံးတမ်းရှိပါသည် အချို့မှာ စုပေါင်းစပ်ပေါင်း၍ နှမ်းမနဲထိုးကြပြီး တပို့တွဲလပြည့်နေ့နံနက် အာရုံတက်ချိန်တွင် နှမ်းမနဲကို ဆွမ်းတော်ကပ်လှူကြပြီး အခြားရက်များတွင်လည်း ရဟန်းသံဃာတော်များကို လောင်းလှူကြပါသည်။ယခုရာသီအချိန်တွင် ကောက်ညှင်းဆန်ဈေးနှင့် နှမ်းမနဲတွင် အသုံးပြုရသည့် မြေပဲဆံ၊နှမ်း၊အုန်းသီးတို့မှာ ဈေးကွက်တွင် အရောင်းသွက်လျက်ရှိပါသည်။နှမ်းမနဲထိုးရာတွင် ကောက်ညှင်းဆန်အဟောင်းနှင့်သာ ထိုးရအဆင်ပြေသည့်အတွက် ကောက်ညှင်းဆန်အဟောင်း တစ်ပြည်လျှင်-၅၅၀၀ကျပ်၊ ပဲဆီ တစ်ပိဿာလျှင်-၁၄၀၀၀ကျပ်၊ စားဆီတစ်ပိဿာလျှင်-၆၀၀၀ကျပ် ၊ မြေပဲဆံ တစ်ပိဿာလျှင်-၇၀၀၀-၇၅၀၀ကျပ်၊ နှမ်းလှော် (၂၅)သားတစ်ထုပ်လျှင်-၃၀၀၀ကျပ်၊ အုန်းသီးတစ်လုံးလျှင်-၂၀၀၀-၂၅၀၀ကျပ်ဈေးတို့ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိပြီး သစ်သီးမျိုးစုံဖြစ်သည့် မာလကာသီးတစ်လုံးလျှင်-၅၀၀ကျပ်၊ လိမ္မော်သီးအရွယ်အစားအလိုက် -၄၀၀-၇၀၀ ကျပ်၊ ပန်းသီးတစ်လုံးလျှင်-အရွယ်အစားအလိုက်-၁၀၀၀-၃၀၀၀ကျပ်၊ ထိုင်ဝမ်ဆီးသီး တစ်လုံးလျှင်-၁၅၀-၂၀၀ကျပ်၊ ထောပတ်သီးအရွယ်အစား အလိုက်-၅၀၀-၁၀၀၀ကျပ်၊ စတော်ဘယ်ရီ(၂၅)ကျပ်သားလျှင်-၄၅၀၀ကျပ်၊ ပန်းသစ်တော်သီး တစ်လုံးလျှင်-၃၀၀၀-၃၅၀၀ကျပ်၊ လပြည့်နေ့တွင် သစ်သီးဆွမ်းကပ်လှူရန်အတွက်လည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သစ်သီးအရောင်းဆိုင်များမှ စုံစမ်းသိရှိရပါသည်။
DOCA(မန္တလေး)