ပခုက္ကူမြို့ကုန်စည်ဒိုင်၏ မတ်ပဲဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူတို့တွင် ပဲစင်းငုံ(နီ)၊ ကုလားပဲအမျိုးမျိုး၊ မတ်ပဲ၊ ပဲလွန်း၊ ပဲပုတ်၊ အခြားပဲအမျိုးမျိုးများ စိုက်ပျိုးကြပါသည်။ ရေစကြိုမြို့နယ်တွင် မတ်ပဲကို ကျယ်ကျယ်ပြန့်ပြန့်အဓိကစိုက်ပျိုးကြပြီး စိုက်ဧကအနေဖြင့် မိုး/ဆောင်းစိုက်ပျိုးမှုမှာ ဧက(၄၂၀၀)ကျော်ရှိပြီး အထွက်တင်းအနေဖြင့် (၁၈)တင်းထွက်ရှိကြောင်းသိရှိရပါသည်။ ဖေဖော်ဝါရီလ(တတိယပတ်)တွင် မတ်ပဲဈေးများ တဖြည်းဖြည်းဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

      ဖေဖော်ဝါရီ(ဒုတိယပတ်)တွင် တစ်တင်းလျှင် ကျပ်(၁၀၂၅၀၀မှ ၁၀၅၀၀၀)၊ ဖေဖော်ဝါရီလ (တတိယပတ်)တွင် ကျပ်(၉၈၅၀၀)ဖြင့် နေ့စဉ်အိတ်ရေ (၅၀မှ ၂၀၀ထိ) အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့တင်ပို့နေရကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)