တစ်ပင်လုံးမှ ဝင်ငွေရသောဘူးသီး

Powered by Drupal

      ပြည်ခရိုင်အတွင်းရှိ ဈေးများတွင် ဒေသထွက်ရာသီပေါ်သီးနှံဖြစ်သော ဘူးသီးနှင့် ဘူးညွန့်များ ရောင်းချနေသည်ကို တွေ့ရပါသည်။ ဘူးညွန့်များမှာ စားသုံးသူများသည့် အပင်တစ်မျိုး ဖြစ်သောကြောင့် စိုက်ပျိုးသူများအတွက်လည်းနေ့စဉ် အပိုဝင်ငွေရရှိစေသော အပင်ဖြစ်ပါသည်။ ဘူးသီးများကိုချက်ပြုတ်၍ စားကြသလို အကြော်ဆိုင်များတွင်လည်း အကြော်ကြော်၍ ရောင်းချကြသောကြောင့် ဝယ်ယူမှုများသော အသီးအနှံတစ်မျိုးဖြစ်၍ စိုက်ပျိုးသူများအတွက် အပိုဝင်ငွေ ရရှိစေပါသည်။ ဘူးပင်မှရရှိသော ဘူးညွန့်များကိုလည်း ကြော်ချက်၍စားကြသလို ပြုတ်၍ အတို့အမြုပ်အဖြစ်စားလို့ရသည့် ဘူးသီးပုတ်ဟုခေါ်သော ဘူးသီးလေးများကိုပါ စားကြသည့်အတွက် တစ်ပင်လုံးမှဝင်ငွေရသော ဟင်းသီးဟင်းရွက်ပင်ဖြစ်ပါသည်။ ဘူးညွန့်များကို စတင်ပေါ်ချိန်တွင် (၃)ညွန့်ပါ တစ်စည်းလျှင် ၂၀၀ကျပ်ဖြင့် ရောင်းချရပြီး ယခုအခါတွင် (၅)ညွန့် (၇)ညွန့်ပါ တစ်စည်းလျှင် (၂၀၀)ကျပ်၊ ဘူးသီးတစ်လုံးလျှင် အရွယ်အစားအလိုက် ၃၀၀ကျပ်၊ ၅၀၀ကျပ်မှစ၍ ၁၀၀၀၊ ၁၅၀၀၊ ၂၀၀၀ကျပ်များ အထိရောင်းချလျက်ရှိကြောင်း သိရရှိရပါသည်။

DOCA(ပဲခူး)