တူတူနွှဲပျော် ရိုးရာထမနဲပွဲတော်

Powered by Drupal

   မြန်မာနိုင်ငံတွင် လရာသီများရှိသည့်အနက် ဗုဒ္ဓဘာသာဝင်များသည် ရိုးရာပွဲတော်များကို လစဉ်ကျင်းပလျက်ရှိရာ ထမနဲများကို စုပေါင်းထိုးကြပြီး တပို့တွဲလပြည့်နေ့တွင်  မြတ်စွာဘုရားအား ထမနဲဆွမ်းများကို ကပ်လှူပူဇော်၍  မိတ်ဆွေများအား ထမနဲများကို ဘူးများဖြင့် ထည့်ကာ ဝေငှသည့်ဓလေ့သည် မြန်မာလူမျိုးများ၏ ချစ်စရာကောင်းသောဓလေ့ပင် ဖြစ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၂၃.၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ထမနဲများကို စုပေါင်းထိုးကြပြီး ခရိုင်ဦးစီးမှူးမှ လပြည့်နေ့နံနက်တွင် မြတ်စွာဘုရားအား လှူဒါန်းရန် ထမနဲများကို ခွဲထားပြီး ဝန်ထမ်းများအား ထမနဲဖြင့် ဧည့်ခံကျွေးမွေးပြီး ထမနဲထုပ်များအား လက်ဆောင်ပေးဝေခဲ့ကြောင်း၊ ရွှေဘိုမြို့၊ မြို့မစည်ပင်သာယာဈေးနှင့် မြို့လယ်ခေါင်လမ်းမကြီးတလျှောက်တွင် ဈေးသည်များမှ ထမနဲများကိုထိုးပြီး ရောင်းချလျက်ရှိကြောင်း၊ ထမနဲ အစိတ်သား (၁)ထုပ်လျှင် (၃၀၀ဝိ/-)ကျပ်မှ (၄၀၀ဝိ/-)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)