ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ(အသစ်)များ စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ ကျောက်ထုနယ်၊ ပင်ထောင်၊ ဂုံဘိုနှင့် တခြားနယ်များတွင် ကြက်သွန်ဖြူကို အဓိကစိုက်ပျိုးကြပါသည်။ ကျောက်ထုနယ်အတွင်းရှိ ကြက်သွန်ဖြူများကို ဖေဖော်ဝါရီ(တတိယပတ်)တွင် စတင်တူးဖော်လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ကျောက်ထုနယ်သာမက တခြားဒေသများဖြစ်သော ရှမ်းပြည်နယ်၊ တောင်ကြီး၊ အင်းလေးတို့မှ ကြူကုတ်ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှသိရှိရပါသည်။

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကြက်သွန်ဖြူ(ဗမာ)များ၏ ဒိုင်ပြတ်လက်ကားဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)ကျပ်ဖြစ်ပြီး မြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရောင်းချသောလက်လီဈေးမှာ ကြက်သွန်ဖြူအရွယ်အစားကိုလိုက်၍ အလုံးကြီး ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)ဖြစ်ပါသည်။ ရှမ်းပြည်နယ်မှလာသော ကြက်သွန်ဖြူ ကြူကုတ်တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)