
ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်း များမှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၈၀၀)ကျပ်၊ ပန်းသီး(အိတ်စွပ်) အကြီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံး လျှင် (၃၀၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင်(၂၀၀၀)ကျပ်၊ မြစ်ကြီးနားမှ ထွက်ရှိသော ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၁၅၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင်(၅၀၀၀)ကျပ်၊ မက်မန်းသီး(၁) ပိဿာ လျှင် (၄၅၀၀)ကျပ်၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ထောပတ်သီး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချရသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခင်အပတ်ထက် ပန်းသစ်တော်သီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျော သီး(၁)ဖီးလျှင်(၇၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်ကာ ပန်းသီး (ရိုးရိုး) အသေး(၁)လုံးလျှင် (၂၀၀)ကျပ်၊ မြစ်ကြီးနားမှ ထွက်ရှိသော ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်သစ်သီး ဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)