မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များအပါအဝင် မိကျောင်းရဲမြို့၊ တောင်တွင်းကြီးမြို့၊ သရက် မြို့၊ မင်းဘူးမြို့နှင့်မကွေးမြို့တို့မှ ကုန်စည်များကိုလည်းမှာယူ၍ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္တပတ်)တွင် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ပေါ်ဆန်း(ရွှေဘို)(၁)ပြည်လျှင် ကျပ်(၇၅၀၀)၊ ဧရာပဒေသာ (၁)ပြည်လျှင် ကျပ်(၇၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ် (၁၂၀၅၀)၊ မျှင်ငါးပိ(၁)ပိဿာလျှင်ကျပ်(၄၀၀၀-၆၀၀၀-၈၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၂၄၀၀-၂၆၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁) ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ငရုတ်သီး(အကြမ်းမှုန့်)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငရုတ်သီး(အရောင်တင်မှုန့်)(၁)ပိဿာလျှင် ကျပ် (၂၅၀၀၀)၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၇၀၀၀)၊ နနွန်းတက်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ထန်းလျက် (၁)ပိဿာလျှင် ကျပ်(၄၂၀၀)၊ ပုစွန်ခြောက်(၁)ပိဿာလျှင် အကောင်အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ ကျပ်(၇၀၀၀၀-၈၀၀၀၀-၉၀၀၀၀)၊ အိမ်သုံးဆား(၁)ပိဿာလျှင် ကျပ်(၁၁၀၀)၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း)(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၅၀၀-၇၀၀)၊ ခရမ်းသီး (၁)ပိဿာလျှင် ကျပ်(၁၂၀၀)၊ ပဲသီး(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ် (၃၀၀၀)၊ မုန့်ညှင်းစိမ်း (၂)ပင်လျှင် ကျပ်(၄၀၀)၊ ရုံးပတီသီး(၁၀)တောင့်လျှင် ကျပ်(၂၀၀)၊ ပန်းဂေါ် ဖီတစ်ပွင့်လျှင် ကျပ်(၅၀၀-၆၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၅၀၀-၈၀၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ကန်စွန်းရွက်(၁၀)စည်းလျှင် ကျပ်(၄၀၀)၊ သခွားသီး(၁)လုံးလျှင် ကျပ်(၂၀၀-၃၀၀)၊ မုန်လာဥနီ (၁)ပိဿာလျှင် ကျပ်(၄၄၀၀)၊ ပြောင်းဖူး(သကြား)(၁)ဖူးလျှင် ကျပ်(၂၅၀)၊ နံနံပင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၉၀၀၀)၊ ကုလားပဲ(၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ မောင်မခေါ်ပဲ (၁)ပြည်လျှင် ကျပ် (၁၀၀၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀-၂၀၀၀၀)၊ မြစ်ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကြက်ဥ (၁၀)လုံးလျှင် ကျပ်(၂၃၀၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၄၀၀၀)၊ ငုံးဥ(၁၅)လုံးလျှင် ကျပ်(၁၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇေယျာသီရိဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။
ယခင်အပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဆန်ကျပ်(၅၀၀)၊ ကြက်သွန်နီ ကျပ်(၅၀၀)၊ အာလူး ကျပ်(၂၀၀) ဈေးနှုန်းမြင့်တက်လာပြီး ပန်းဂေါ်ဖီ ကျပ်(၅၀၀)၊ ဂေါ်ဖီထုပ် ကျပ်(၃၀၀)၊ ခရမ်းချဉ်သီး ကျပ်(၈၀၀)၊ ကြက်သား(ဗမာ) ကျပ်(၁၀၀)၊ ကြက်သား(CP) ကျပ်(၁၀၀၀) ဈေးနှုန်းလျော့နည်းကာ ကျန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် မင်းလှမြို့အနီးကျေးရွာများမှ ကိုင်းသီးနှံများလှိုင်လှိုင်ထွက်လျက်ရှိသည့်အတွက် သီးနှံဈေးနှုန်းများမှာ အကျဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီနှင့် အာလူးမှာ ဈေးကွက်အတွင်း ကုန်အဟောင်းများကုန်လုနီးပါးဖြစ်နေပြီး အသစ်အနေဖြင့် အနည်းငယ်သာထွက်ရှိသေးသည့်အတွက် ဈေးနှုန်းမှာ အနည်းငယ်ပြန်လည်မြင့်တက်လျက်ရှိကြောင်း၊ ဆန်ဈေးအနေဖြင့် သယ်ယူခစရိတ်မြင့်မားခြင်းကြောင့် ဈေးနှုန်းအနည်းငယ်မြင့်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)