မကွေးခရိုင်အတွင်းဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး (မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကြက်သွန်နီ)သီးနှံတို့အား အများအပြားစိုက်ပျိုးကြပြီး သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများအား စိုက်ပျိုးသူတောင်သူများမှာ ဝယ်ယူသုံးစွဲလျက်ရှိကြောင်းသိရှိရပါသည်။

     မကွေးခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများဝယ်ယူအသုံးပြုလျှက်ရှိသော စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဖေဖော်ဝါရီလ(တတိယပတ်)အတွင်း ဖြစ်ပေါ်ခဲ့သောစျေးနှုန်းများအတိုင်း ပြောင်းလဲမှုမရှိဘဲ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင်ဖြစ်ပေါ်ခဲ့သော စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာစျေးနှုန်းများမှာ အာမို (၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင် ကျပ်(၁၅၃၀၀၀)၊ အာမို (၁၀:၁၀:၅) (50kg)တစ်အိတ်လျှင် ကျပ်(၆၉၀၀၀)၊ တက်တိုး(၁၅:၇:၈) (50kg) တစ်အိတ်လျှင် ကျပ် (၇၄၀၀၀)၊ ရွှေပုလဲ(မြင်းကျား) (50kg) တစ်အိတ်လျှင် ကျပ်(၅၀၀၀၀)၊ ရွှေကောမက် (50kg) တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ကွန်ပေါင်း (၁၅:၁၅:၁၅) (50kg) တစ်အိတ်လျှင် ကျပ် (၁၁၆၀၀၀)၊ ယူရီးယား (အလုံးသေး) (50kg) တစ်အိတ်လျှင် ကျပ် (၇၉၀၀၀)နှင့် ကွန်ပေါင်းသီးစုံ (40kg) တစ်အိတ်လျှင် ကျပ် (၇၁၀၀၀)ကျပ်တို့ဖြစ်ကြပြီး စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးစျေးနှုန်းများမှာ ပရိုမက်တင် (500CC) တစ်ဘူးလျှင် ကျပ် (၂၁၀၀၀)၊ ဆလက်ပက်(စ်) (500CC) တစ်ဘူးလျှင် ကျပ် (၂၅၀၀၀)၊ အီရာပရိုသရင် (500CC) တစ်ဘူးလျှင် ကျပ် (၂၄၀၀၀)၊ ဖို(စ်)တင်း (500CC) တစ်ဘူးလျှင် ကျပ် (၁၇၀၀၀)၊ အဆီဖိတ် (250g) တစ်ထုပ်လျှင် ကျပ် (၉၀၀၀)၊ ဇိုင်ကလုံး (250CC) တစ်ဘူးလျှင် ကျပ် (၉၀၀၀)၊ မက်ဆိုက်ပါ (250CC) တစ်ဘူးလျှင် ကျပ် (၈၀၀၀)၊ အာမို (အထူးအား ဆေး) (500g) တစ်ဘူးလျှင် ကျပ်(၉၀၀၀)စသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စိုက်ပျိုးရေးဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)