“နှံစားပြောင်းသီးနှံများ ဖြိုင်ဖြိုင်ရိတ်သိမ်းလျက်ရှိ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံဖြစ်ထွန်းအောင်မြင်သော ဒေသတစ်ခုဖြစ်ပြီး ဆည်ရေသောက်ဒေသဖြစ်သောကြောင့် ပြောင်းသီးနှံကို ရာသီမရွေးစိုက်ပျိုးကြပါသည်။ စီးပွားလည်းဖြစ်ဝင်ငွေတိုးပြီး ကျွဲ၊ နွားစာများပါဖူလုံသောကြောင့် ဖူးစားပြောင်း၊ နှံစားပြောင်းသီးနှံများကို အများဆုံးစိုက်ပျိုးကြပါသည်။ ခရိုင်အတွင်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် နှံစားပြောင်းသီးနှံစိုက်ဧက(၄၇၄၆)ဧကစိုက်ပျိုးထားရှိပြီး ယခုအချိန်ထိ (၃၈၆၆)ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ နှံစားပြောင်းသီးနှံ(၁)ဧကလျှင် စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် (၂၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျပြီး မျိုးအနေဖြင့် ထွက်တိုးဖြူ၊ ထွက်တိုးနီမျိုးများကိုစိုက်ပျိုးကြကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၂၀) တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်တွင် ပြောင်းတစ်တင်းလျှင် (၂၂၀၀၀/-)ကျပ်စျေးနှုန်းဖြင့်ရောင်းချခဲ့ရပြီး၊ ယခုနှစ်တွင် ပြောင်းတစ်တင်းလျှင် (၃၅၀၀၀/-)ကျပ် စျေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကျွဲ၊ နွားများစားသုံးရန်ကျန်ရှိသော ပြောင်းရိုးများကို ဧကပြတ်လာရောက်ဝယ်ယူသူများရှိရာ (၁)ဧကလျှင် ထွက်ရှိသမျှပြောင်းရိုးများကို (၁၀၀၀၀၀-၁၂၀၀၀၀)ကျပ်အထိရောင်းချရကြောင်း၊ နှံစားပြောင်းစိုက်ပျိုးမှုတွင် အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်များနုတ်ပြီးပါက (၆၀၀၀၀၀/-) ကျပ်ခန့်မြတ်သောကြောင့်  ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်မျာပိုမိုရရှိသဖြင့် နှံစားပြောင်းသီးနှံကို တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)