ကန့်ဘလူမြို့နယ်အတွင်း ဖေဖော်ဝါရီလတွင် ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသောသီးနှံများ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါဆောင်ရွက်လျှက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ၊ အစုအဖွဲ့များဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း/ တန်စာရင်းတို့ဖြင့် အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

     ကန့်ဘလူပွဲရုံများအနေဖြင့် ဇန်နဝါရီလကုန်ပိုင်းမှ ဖေဖော်ဝါရီလလကုန်ပိုင်းအထိ ပွဲရုံသို့ဝင်ရောက်အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစား၏ ဒေသပေါက်ဈေးနှုန်းများ၊ အဝင် /အထွက် တင်း/တန်များ၏ အရောင်းအဝယ်ဖြစ်မှုအခြေအနေများမှာ ပဲစင်းငုံ(နီ)(၇၅၀၀)တင်း/(၆၈၉.၃၄)တန်ဈေးနှုန်းမှာ ကျပ်(၁၁၅၀၀၀)၊ ပဲစင်းငုံ(ဖြူ)(၁၀၅၀)တင်း/(၉၆.၅၁)တန်ဈေးနှုန်းမှာ ကျပ်(၁၁၀၀၀၀)၊ ကုလားပဲ v2၊ v7 929 (၃)မျိုးပေါင်း(၁၅၀)တင်း/(၁၄.၀၃)တန်ဈေးနှုန်းမှာ ကျပ်(၈၀၀၀၀/၈၃၀၀၀)၊ ကြက်ဆူ(၇.၅) တင်း/ (၀.၄၄)တန် ဈေးနှုန်းမှာ ကျပ်(၅၀၀၀)၊ မတ်ပဲ(၃၀၀)တင်း/ (၂၇.၅၇)တန်ဈေးနှုန်းမှာ ကျပ်(၈၅၀၀၀)၊ ပဲတီစိမ်း(၃၀)တင်း/(၂.၇၅)တန်ဈေးနှုန်းမှာ ကျပ်(၅၅၀၀၀)၊ ထောပတ်ပဲ(၇.၅)တင်း/ (၀.၇၁)တန်ဈေးနှုန်းမှာ ကျပ်(၁၃၀၀၀၀)၊ စွန်တာနီပဲ(၁၀.၅)တင်း/(၀.၉၉)တန်ဈေးနှုန်းမှာ ကျပ်(၇၀၀၀၀)၊ ပဲဇီးကွက်(၁၀.၅)တင်း/ (၀.၉၉)တန်ဈေးနှုန်းမှာ ကျပ်(၇၀၀၀၀)၊ ဘိလပ်စေ့(၁၂၀)တင်း/(၈.၈၂)တန်ဈေးနှုန်းမှာ ကျပ်(၆၀၀၀၀) စသည်ဖြင့် အသီးသီးပေါက်ဈေးရှိကြောင်းသိရှိရပါသည်။

     ယခုရာသီကာလတွင်မူ ပဲစင်းငုံ(နီ)အဝင်/ အထွက်အပေါများဆုံးအချိန်ဖြစ်ပြီး ကန့်ဘလူမြို့ပေါ် (၅)ရပ်ကွက်ရှိ တောက္ကရှပ်၊ နတ်ပေး၊ လိထ္ထူ၊ စန္ဒယား၊ အင်ကြင်းစု၊ (၃)မိုင်၊ (၈)မိုင်၊ ဆည်ကြီးကျေးရွာများမှ အဝင်/အထွက်ရှိပြီး  မိမိတို့ပွဲရုံမှသီးနှံများကို မန်းလေးမြို့၊ ဇောတိကပွဲရုံသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)