ပခုက္ကူကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီ(စတုတ္ထပတ်)ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပဲမျိုးစုံထွက်ရှိရာဒေသများဖြစ်ကြသော ပခုက္ကူကျွန်း၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ် တို့မှ ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ မတ်ပဲ၊ ပဲလွန်း(ပြာ)၊ ပဲယင်း(နီ)၊ ပဲယင်း(ဝါ)၊ ထောပတ်ပဲနီနှင့် အခြား ပဲမျိုးစုံများ စိုက်ပျိုးလျက်ရှိပါသည်။  ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူမြို့၏ စီးပွားရေးအချက်အခြာကျပြီး ပခုက္ကူမြို့အပြင် အခြားဒေသများဖြစ်သော ဂန့်ဂေါခရိုင်အတွင်းရှိနယ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦး၊ အောက်ညဉ့်၊ ပုလင်း၊ ငါးသရောက်နှင့် မြင်းခြံမြို့ နှင့်တောင်သာမြို့တို့မှ လာရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  

    ယခုတစ်ပတ် ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသောပဲများမှာ ပဲစဉ်းငုံနီ၊ ကုလားပဲ အမျိုးမျိုး၊ ပဲယင်းနီ၊ ပဲယင်းဝါ၊ ပဲလွန်းပြာ၊ ပဲပုတ်နှင့် အခြားပဲများ အရောင်းအဝယ်ဖြစ်နေပြီး  ဖေဖေါ်ဝါရီလ(စတုတ္ထပတ်)၏ ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ် ( ၁၁၉၄၀၀-၁၂၁၀၀၀-၁၂၂၀၀၀)၊ ကုလား ပဲဖြူလုံးကြီး (V2) တစ်တင်းလျှင် ကျပ် (၈၇၂၀၀-၈၇၅၀၀)၊ ကုလားပဲဖြူလုံးကြီး(V6) တစ်တင်းလျှင် ကျပ်(၈၇၀၀၀-၈၇၅၀၀-၈၇၇၀၀)၊ ကုလားပဲဝါ(HL) တစ်တင်းလျှင် ကျပ်(၈၆၀၀၀)၊ ကုလားပဲဝါလုံးကြီး (929)တစ်တင်းလျှင်ကျပ် (၈၇၀၀၀)၊ ပဲယင်းနီ တစ်တင်းလျှင် ကျပ်(၆၆၆၀၀)၊ ပဲယင်းဝါ တစ်တင်းလျှင် ကျပ်(၄၉၀၀၀)၊ ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် (၆၇၅၀၀)၊ စွန်တာနီ (ကျွန်း) တစ်တင်းလျှင် ကျပ်(၅၅၅၀၀)၊ ထောပတ်ပဲ တစ်တင်းလျှင်ကျပ် (၁၂၅၀၀၀)၊နေလဲစေ့ တစ်ပိဿာလျှင် ကျပ်(၆၉၀၀)၊ ပြောင်းဖူးစေ့တစ်တင်းလျှင် ကျပ်(၁၆၄၀၀) ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ ပဲစဉ်းငုံနီ(၅၇၀၀)၊ ကုလားပဲဖြူလုံးကြီး(V2)(၂၀၀)၊ ကုလားပဲ ဖြူလုံးကြီး(V6)(၂၅၀) ၊ ကုလားပဲဝါ(HL) (၂၀၀)၊ပဲယင်းနီ(၁၃၀၀)၊ ပဲယင်းဝါ(၂၀၀) ၊ ပဲလွန်းပြာ (၈၀၀) ၊ စွန်တာနီ (ကျွန်း) (၂၀၀)၊  ပြောင်းဖူးစေ့(CP)၅၀၀၊ ထောပတ်ပဲဖြူ(၇၅၀)၊ နေလဲစေ့ ပိဿာချိန် (၈၅၀၀)အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)