“ပဲစင်းငုံစျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ပဲစင်းငုံ(မိုးဦး) အား ကျောက်ဆည်မြို့နယ်တွင် (၈၆၇)ဧက၊ မြစ်သားမြို့နယ်တွင် (၆၈၅)ဧက၊ စုစုပေါင်း (၁၅၅၂)ဧက စိုက်ပျိုးပြီး ယခုလက်ရှိအချိန်ထိ (၃၀၂)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲစင်းငုံသီးနှံကို သီးသန့်စိုက်ပျိုးမှုများအပြင် သီးထပ်သီးညှပ်အဖြစ်လည်းစိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှုအနေဖြင့် ပဲစင်းငုံ(၁)ဧကလျှင်ဘ(၄)ပြည်ကုန်ကျပြီး တချို့တောင်သူများသည့် ပဲစင်းငုံများအား မိမိတို့အိမ်တွင် သေချာစွာသိမ်းဆည်းထားပြီး မျိုးအဖြစ်အသုံးပြုကြခြင်းလည်းရှိပြီး ပွဲရုံများ၌ ဝယ်ယူ၍စိုက်ပျိုးခြင်းလည်းရှိကြောင်းသိရှိရပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၂၅၀၀၀၀/-)ကျပ်ခန့်ကုန်ကြပြီး အထွက်နှုန်းအနေဖြင့် (၈-၁၀)တင်းခန့်ထွက်ရှိကြောင်း၊ ပဲစင်းငုံစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်တင်းလျှင် (၆၅၀၀၀/-)ကျပ်၊ ယခုနှစ်တွင် တစ်တင်းလျှင် (၁၂၀၀၀၀/-)ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် (၇၀၀၀၀၀/-)ကျပ်ခန့်ရရှိကြောင်း ပဲစင်းငုံသီးနှံစိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)