တိုက်ကြီးမြို့နယ်အတွင်း စက်သုံးဆီရောင်းချနေမှု

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ တိုက်ကြီးမြို့နယ်တွင် သတ်မှတ်ဈေးနှုန်းဖြင့် စက်သုံးဆီများ စနစ်တကျရောင်းချစေရေး အချိန်နှင့်တပြေးညီ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး တိုက်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာ (၉၅)အုပ်စုရှိ၍ သုံးဘီး၊ အိုးဝေ၊ ဆိုင်ကယ်များမှာလည်း စက်သုံးဆီကို အဓိကထားသုံးစွဲနေရပါသည်။ စားသုံးသူပြည်သူများ ကူးသန်းရောင်းဝယ်ရေးအခက်အခဲမရှိစေရန်အတွက် တိုက်ကြီးမြို့နယ်ရှိ စက်သုံးဆီဆိုင် (၈)ဆိုင်မှ သတ်မှတ်ဈေးနှုန်း၊ ဆီလီတာပြည့်ဝမှန်ကန်စွာရောင်းချစေရေးတို့ကို သေချာကြပ်မတ်၍ ဆောင်ရွက်ပေးနေပါသည်။ စားသုံးသူပြည်သူများ ကူးသန်းရောင်းဝယ်ရေးအဆင်ပြေစေရေးအတွက်လည်း မြို့နယ်အတွင်း လမ်း၊ တံတားတည်ဆောက်ရေး၊ နွေစပါးအပါအဝင် သီးနှံစိုက်ပျိုးရေးတွင်  တောင်သူဦးကြီးများအဆင်ပြေစေရန် စက်သုံးဆီများကိုစိစစ်ရောင်းချခြင်း၊ လက်လုပ်လက်စား၊ အိုးဝေ၊ သုံးဘီး၊ ဆိုင်ကယ်ကယ်ရီသမားများ၊ ဝန်ထမ်းများအား တာဝန်အရ သွားလာရေးများကို သေချာစိစစ်၍ စနစ်တကျရောင်းချပေးလျက်ရှိပြီး စက်သုံးဆီရောင်းချရာ၌ အခက်အခဲမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)