![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/စက်ဆီ_32.jpg?itok=HApqV9cE)
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ စတုထ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၃၁၀၀)၊ ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၃၂၃၀)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၈၇၀)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၉၂၀)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ယခု ၂၀၂၄ ခုနှစ်၊ မတ်လ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် ကျပ်(၃၀၄၀)၊ ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၃၁၇၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် ကျပ်(၂၇၈၀)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၈၂၅၀)ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၆၀) ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၅၅) မြင့်တက်ကာ ၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင်ကျပ်(၉၀) ်ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၉၅) ယခင်အပတ်ထက် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိပါသည်။
ယခင်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ပထမအပတ်နှင့် မတ်လပထမအပတ်တို့ နှိုင်းယှဉ်ကြည့် ပါက ဓါတ်ဆီ(92)တစ်လီတာလျှင် ကျပ်(၅၅)၊ ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၆၀) ၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင်ကျပ်(၈၀) ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၈၅) ယခင်ဖေဖော်ဝါရီလ ပထမပတ်နှင့် ယခု မတ်လပထမပတ် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခင်ဖေဖော်ဝါရီလ ပထမအပတ်ထက် စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)