စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း၊တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆံ(ဖြူ)များမှာ ဖေဖော်ဝါရီလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၁၁၇၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀)တင်း/ (၁၀၃)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(ဖြူ)တစ်တင်းလျှင်(၁၁၈၄၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၈၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူတွင် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၁၀၄၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆံ(ဖြူ) တစ်တင်းလျှင် (၁၃၆၀ဝိ/-)ကျပ် ဈေးပိုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)