ပြည်ကြက်သွန်နီအဝင်များ၍ အရောင်းသွက်

Powered by Drupal

       ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကြက်သွန်နီအဓိကစိုက်ပျိုးရာ မကွေးတိုင်းတွင် အထွက်လှိုင်လျက်ရှိပြီး ပြည်ဈေးကွက်သို့အဝင်များလျက်ရှိရာ ဆိပ်ဖြူ၊ ရေနံချောင်း၊ တောင်တွင်း၊ မကွေး၊ ဖန်ခါးပင်၊ စစ်တလင်း စသည့်နယ်စုံမှဝင်ရောက်မှုရှိနေပါသည်။ ဝင်ရောက်သည့်ပမာဏမှာ ပိဿာချိန် ၁၆၀၀၀ခန့် နေ့စဉ်အဝင်ရှိနေပြီး ဈေးနှုန်းမှာလည်း ယခင်နိုဝင်ဘာလ၏ အမြင့်ဈေးနှုန်း ကျပ်၄၂၀၀နှင့်နှိုင်းယှဉ်လျှင် ယခုဈေးနှုန်းမှာ ချိုသာသဖြင့် ပြည်ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိနေပါသည်။ ပြည်ဈေးကွက်မှ ပန်းတောင်းမြို့၊ ဥသျှစ်ပင်မြို့၊ မြန်အောင်မြို့၊ ကြံခင်းမြို့၊ ပုသိမ်မြို့၊ ချောင်းသာနှင့် သာယာဝတီခရိုင်အတွင်းသို့ စီးဆင်းမှုရှိနေပြီး ပြည်ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် အရောင်းအဝယ်သွက်လျက်ရှိနေပါသည်။ ဈေးနှုန်းများမှာ ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် (၂၃၀၀/၂၂၀၀-၂၁၀၀/၁၉၀၀-၁၇၀၀-၁၅၀၀) ဈေးနှုန်းတို့ရှိပြီး လက်လီဈေးများတွင် ကျပ် (၂၇၀၀/၂၆၀၀-၂၅၀၀/၂၄၀၀-၂၃၀၀) ဈေးနှုန်းတို့ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)